သိလားလို့

Words
73
Reading
1 min
Listen
Play
8y

image
လယ်သမားတွေကို ပိုက်ဆံချေးချင်လို့ဆိုပြီး အဖွဲ့အစည်းတစ်ခုက လာတိုင်ပင်ဖူးတယ်။ ကျွန်တော်တို့က ပိုက်ဆံချေးဖို့ပဲ စဉ်းစားကြတယ်။ ချေးလိုက်တဲ့ပိုက်ဆံ မဆုံးဖို့ပဲ စဉ်းစားကြတယ်။ လယ်သမားတွေ အဲဒီပိုက်ဆံ ပြန်ဆပ်နိုင်အောင် ဘယ်လိုလုပ်ပေးမယ်လို့ စဉ်းစားတဲ့သူ နည်းကြတယ်။ တကယ်လုပ်ပေးသင့်တာက လယ်သမားတွေကို ပိုက်ဆံအကြောင်း အရင်သင်ပေးသင့်တာပါလို့ အကြံပေးဖူးတယ်။

ပိုက်ဆံဆိုတာ ဘယ်လိုသုံးသင့်သလဲ။ ဘာအတွက် သုံးသင့်သလဲ။ အထူးသဖြင့် ချေးငွေဆိုတာ ဘယ်လိုကိစ္စတွေအတွက်ပဲ သုံးသင့်သလဲ။ ဒါကို သင်ပေးသင့်တာ။ ဝင်ငွေတိုးမယ့်ကိစ္စတွေအတွက်သာ ချေးငွေကို သုံးသင့်တယ်။ ချေးငွေဆိုတာ ရင်းနှီးမြှုပ်နှံမှုတစ်ခုသာ ဖြစ်တယ်လို့ နားလည်အောင် ပြောပေးကြရပါမယ်။ ဒါမှသာ အကြွေးသံသရာကြီးက လွတ်ပါလိမ့်မယ်။

ဘဏ်ကနေ ချေးငွေရရင် ပျော်ကြတဲ့ ခေတ်တခေတ် ရှိခဲ့ဖူးပါတယ်။

ဘဏ်တွေကို ချေးငွေလိုချင်လို့ဆိုပြီး သွားတွေ့ရင် ဘဏ်တွေက ဘယ်လိုအချက်အလက်တွေနဲ့ ပြည့်စုံတဲ့လုပ်ငန်းဆိုရင် ငွေချေးပေးမယ်ဆိုတဲ့အကြောင်း ရှင်းပြကြလေ့ရှိတယ်။ အဲဒီချေးငွေကို ဘယ်နေရာမှာသုံးမှာလဲကို ဂရုတစိုက်ထားပြီး အလေးအနက်မေးကြလေ့မရှိပါ။ တကယ်တော့ ချေးသွားတဲ့ငွေ ဘယ်နေရာသုံးမှာလဲကို အသေးစိတ်မေးကြရမယ်။ အသုံးမှားတော့မှာတွေ့ရင် မချေးဘဲနေနိုင်သလို၊ သုံးသင့်တာကိုပါ တွဲသုံးဖို့ အကန့်အသတ်တွေလုပ်ပြီး ချေးသင့်တယ်။ခုတော့ တချို့ဘဏ်တွေ မေးနေကြပြီ ကြားရလို့ ဝမ်းသာမိတယ်။

သိလားလို့ | Ecency