အားလုံးပဲ မင်္ဂလာပါ ☺။
ဒီနေ့တော့
pre tag, paragraph tag, horizonal line, နဲ့ tag တွေရဲ့ attribute အကြောင်းတွေတင်ပေးသွားမှာပါ။
ကျွန်တော်တို့ ရိုးရိုးစာရိုက်တဲ့အခါမှာ
စာကြောင်းတွေကို အောက်ဆင်းစေချင်ရင် Enter ခေါက်ပါတယ်။HTML မှာ Enter key သုံးရင် အလုပ်ဖြစ်မှာမဟုတ်ပါပူး။ ဒီတော့ < br > or < br/ > သုံးပေးရပါတယ် (lesson 1 မှာသင်ခဲ့ပီးပါပြီ)။
Pre tag ကကျတော့ < br > or < br/ > သုံးစရာမလိုပဲအောက်ဆင်းစေတာပါ။ဒါပေ့မဲ့သူက font ပုံစံတွေပြောင်းသွားစေပါတယ်။font ပုံစံ
ပြောင်းတာက ကိစ္စမရှိပါပူး။နောက်ပိုင်း font တွေဘယ်လိုပြန်ပြောင်းရမလဲဆိုတာပြန်ပါလာမှာပါ။နောက်ပီး pre tag ထဲမှာရေးမယ်ဆိုရင် Enter ခေါက်တာရော Tab ခုန်တာရောသိပါတယ်။အောက်က နမူနာ code လေးတွေကိုကြည့်ရင် ရှင်းသွားမှာပါ။
< html >
< head >
< title > about pre tag < /title >
< /head >
< body >
< pre >
About pre tag, press entet key
press tab key tab
< /pre >
< /body >
< /html >
Pre tag ထဲမှာမဟုတ်ဘဲ body tag ထဲမှာအပေါ်ကစာတွေရေးလိုက်ရင်တော့ တစ်တန်းတည်းပဲပေါ်နေမှာပါ။
ဒီ tag ကတော့ရှင်းပါတယ် စာတွေကို စာပိုဒ်အရှည်ရေးချင်ရင်သုံးတာပါ။
< p > နဲ့ < /p > ကြားမှာရေးချင်တဲ့စာပိုဒ်ကိုေးရမှာပါ။
အောက်က နမူနာ code တွေကိုကြည့်ရင်ရှင်းသွားမှာပါ။
ဒီ tag လဲရှင်းပါတယ် horizontal မျဉ်းတွေသားချင်းတဲ့အချိန်မှာသုံးပါတယ်။ hr ဆိုတာရေးလိုက်ရုံပါပဲ ။closing tag မပါပါပူး။
နမူနာ code ကိုလေ့လာကြည့်ပါ။
Tag တွေပိုင်ဆိုင်တဲ့ properties တွေကို attribute လို့ခေါပါတယ်။
Attribute တွေကို tag တွေမှာထည့်ပီးရေးနိုင်ပါတယ်။ Tag တိုင်းမှာတော့ attribute မရှိပါပူး။
< html >
< head >
< title > Example < /title >
< /head >
< body bgcolor=gold >
Body BGCOLOR
< /body >
< /html >
အပေါ်က code လေးကို run လိုက်ရင်
အောက်ပါပုံအတိုင်းတွေရမှာပါ။
Background က ပုံမှန်မဖြူမဟုတ်တော့ပဲ ရွှေရောက်လေးဖြစ်နေတာတွေရမှာပါ။body tag ထဲမှာ bgcolor ဆိုတဲ့ attribute လေးပေါင်းထည့်လိုက်လို့ပါ။
ကျွန်တော်တို့အနေနဲ့ color အရောင်ကို နာမည်နဲ့မဟုတ်ဘဲ Hex cod နဲ့ရေးလို့ရပါသေးတယ်။
Hex code နဲ့ရေးချင်ရင်
< body bgcolor=#FFD700 >
လို့ရေးရုံပါပဲ။အောက်မှာ color name တွေနဲ့ Hex no. တွေပုံပါ။
Photo crd
Photo crd
Photo crd
Photo crd
Photo crd
Tag တွေရဲ့နောက်မှာ attribute တွေတစ်ခုမက လိုက်လို့ရပါတယ်။hr ရဲ့ attribute လေးတွေကို လေ့လာကြည့်ကြပါမယ်။
အပေါ်က နမူနာ code တွေကိုကြည့်လိုက်ရင်
size ဆိုတဲ့ attribute က အရွယ်အစားပါ။
noshade ဆိုတာက ဗြောင်ကြီးကိုပြောတာပါ။
< hr > ဆိုတဲ့ tag တစ်ခုထဲမှာပဲ attribute တစ်ခုမက သုံးထားတာတွေရမှာပါ။
ကဲဒီနေ့တော့ဒီလောက်ပါပဲ။
အားလုံးပဲ အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ် ☺။
Written by @minthwayko
MSC - 187