မင်္ဂလာပါ။ ဒီနေ့တော့ Page တစ်ခုနဲ့တစ်ခု Link ချိတ်နည်းကိုတင်ပေးမှာပါ။
Link ချိတ်တဲ့နေရာမှာ Page တစ်ခုကတစ်ခုချိတ်ခြင်း။ပုံကိုနိုပ်လိုက်ရင် တစ်ခြား page ရောက်သွားခြင်း သို့မဟုတ် ပုံကြီးချဲ့ခြင်း ကဲ့သို့သော Link ချိတ်နည်းအမျိုးမျိုးရှိပါတယ်။
Link ချိတ်ရာမှာအသုံးပြုမဲ့ tag ကတော့
< a href="url" > Link text
ပဲဖစ်ပါတယ်။
url ဆိုတဲ့နေရာမှာ မိမိသွားစေချင်လိုတဲ့ link ကိုထည့်ရမှာပါ။ဓာတ်ပုံတွေနဲ့တစ်ခြားလုပ်ဆောင်ချက်တွေလဲထည့်လို့ရပါသေးတယ်။
Link text ဆိုတဲ့စာသားနေရာမှာ မိမိကြိုက်တာထည့်လို့ရပါတယ်။
အဲ့ Link text ဆိုတဲ့စာနိုပ်လိုက်ရင်
url မှာရေးထားတဲ့နေရာရောက်သွားမှာဖြစ်ပါတယ်။
< html >
< head >
< title >Example< /title >
< /head >
< body >
< a href="http://www.google.com" > Google
< /body >
< /html >
အပေါ်က နမူနာ code ကို run ကြည့်ရင် ပုံထဲက အတိုင်း Google ဆိုတဲ့အပြာရောင်စာလေးကိုအပြာရောင်မျဉ်းလေးနဲ့သားထားတာတွေရမှာပါ။အဲ့စာကိုနိုပ်လိုက်ရင် google search engine ကိုရောက်စွားမှာပါ။Internet ဖွင့်ထားမယ်ဆိုရင်ပေါ့ 😁။
< a href="http://www.google.com" > MSC
လို့ရေးရင် output က MSC ဆိုတဲ့စာသားလေးကိုတွေရပါမယ်။အဲ့စာသားလေးကိုနိုပ်ရင်လဲ Google ထဲကိုပဲခေါ်သွားမှာပါ။ အဓိက အရာက a tag ထဲမှာရေးထားတဲ့ url ဆီကိုခေါ်သွားတာပါ။ဒီနေရာကိုနားမလည်ရင်နောက်ပိုင်းဟာတွေကို ဘယ်လိုမှနားမလည်နိုင်ပါပူး။အဲ့တော့ code တွေကို ကိုယ်တိုင် run ကြည့်ကြပာလို့ပြောချင်ပာတယ် 😃။
Page နှစ်ခုဆိုတဲ့ အတွက် HTML file နှစ်ခုရေးရပါမယ်။အဲ့file နှစ်ခုကိုလဲ folder တစ်ခုထဲအောက်မှာထားရပါမယ်။
ပထမဆုံး Desktop မှာ Right Click နိုပ်ပီး HTML ဆိုတဲ့ folder လေးတစ်ခုcreat လုပ်လိုက်ပါ။
အခုရေးမဲ့ နမူနာ ပုံစံက Home page နဲ့
New page Link အပြန်အလှန်ချိတ်ထားတဲ့ပုံစံပါ။
Home page ကနေ Link to New page ဆိုတာနိုပ်လိုက်ရင် New page ထဲရောက်သွားပီး New page ကနေ Link to Home page ဆိုတာ နိုပ်လိုက်ရင် Home page ကိုပြန်ရောက်သွားတဲ့ပုံစံမျိုးရေးမှာပါ။
index.html နဲ့ new.html ဆိုတဲ့ file နှစ်ခုရေးမှာပါ။
index.html မှာရေးရမည့် code
< html >
< head >
< title >Example< /title >
< /head >
< body >
< a href="new.html" > Link to New page
< /body >
< /html >
new.html မှာရေးရမည့် code
< html >
< head >
< title >Example< /title >
< /head >
< body >
< a href="index.html" > Link to New page
< /body >
< /html >
အပေါ်က Html file နှစ်ခုကို အစောပိုင်းက creat လုပ်ထားတဲ့ HTML ဆိုတဲ့ folder ထဲမှာသိမ်းထားလိုက်ပါ။(file နှစ်ခုထားတဲ့ နေရာမတူရင် Link ချိတ်ပေးမှာမဟုတ်ပါပူး)
index ဆိုတဲ့ file လေးကိုအရင်ဖွင့်ကြည့်ရအောင်ဗျာ။file ကိုဖွင့်လိုက်ရင်
index page ထဲခေါ်သွားပီး Link to New page ဆိုတဲ့ စာသားလေးကိုတွေ့ရပါမယ်။အဲ့စာသားကိုနိုပ်လိုက်ရင် New page ထဲခေါ်သွားပါလိမ့်မယ်။(ဒီနေရာကပုံပြလို့အဆင်မပြေလို့မထည့်တော့ပါပူး။ တစ်ခုခု error တတ်ရင် comment မှာ မေးနိုင်ပါတယ် 😁)
New page ကိုကျတော့ new.html လို့ပေးပီး Home page ကိုကျတော့ ဘာလို့ index.html လို့ပေးလဲဆိုတော့ web page တွေမှညစတက်တဲ် page က index.html page မို့လို့ပါ။ default.html လို့သုံးလဲရပါတယ်။www.youtube.com လို့ခေါ်လိုက်ရင် တက်လာတဲ့ page က index page ပါ။
www.youtube.com/index.html ပါ။
Search Engine မှာရှာတဲ့အခါ index.html ထည့်စရာမလိုပါပူး။Website တစ်ခုကိုရှာလိုက်တာနဲ့ index page ကိုညွှန်းပီးသားဖြစ်နေလို့ပါ။
Page ၂ ခု Link ချိတ်ခြင်း ဆိုတဲ့ခေါင်းစဉ်အောက်က စာတွေက Beginner တွေအတွက်ခတ်ချင်ခတ်နေပါလိမ့်မယ်။
အဲ့တော့ နမူနာရေးထားတဲ့ code အပြင် ကိုယ်တိုင် code တွေစမ်းရေးကြည့်ကြပါ။ HTML က များများ code ရေးပေးလေ မြန်မြန်တတ်လေပါပဲ။
ကျွန်တော်တို့ ဖွင့်လိုက်တဲ့ linked document တွေကို ဘယ်မှာဖွင့်မလဲလို့ ဆုံးဖြတ်ချက်ချခြင်တဲ့ အချိန်မှာ target attribute ကိုသုံးပါတယ်။
_blank ဒါက ဖွင့်လိုက်တဲ့ Linked document ကို new windows or tab မှာဖွင့်စေတာပါ
_self ဒါကတော့ default ပါ။အပေါ်ကစမ်းခဲ့သလိုမျိုး တူညီတဲ့ frame မှာပဲပေါ်စေတာပါ။
_parent ဒါက index page မှာပေါ်စေတာပါ။
_top ဒါကကျွန်တော်တို့ ရေးထားတဲ့ webpageက frame ထဲမှာပိတ်နေရင် သုံးတာပါ။(frame အကြောင်းကနောက်ကျရင်တင်ပါမယ်)
ရှင်းသွားအောင် နမူနာ code လေးတွေကြည့်ကြရအောင်။
_ blank
ပုံ 3 ကလိုမျိုး code ရေးထားရင်
ပုံ 4 ကလိုမျိုး tab တစ်ခုပေါ်လာမှာပါ။
ဒီလောက်ဆိုသိပြီထင်ပါတယ်။ကျန်တဲ့ဟာတွေကိုလဲ စမ်းကြည့်ကြပါ။
_top ကတော့ frame သင်ပီးပြစမ်းလို့ကမှာပါ။
ဒီနေ့တော့ဒီလောက်ပါပဲ။နောက်နေ့မှညဆက်ပါမယ်။ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
Written by @minthwayko
MSC - 187