တစ်ခါတုန်းက မြို့တစ်မြို့မှာ
သူတောင်းစား တစ်ယောက်ရှိတယ်။
ဆင်းဆင်းရဲရဲ တောင်းစားနေရတာကို
မကြည့်ရက်လို့ သိကြားမင်းက လူပြည်ဆင်းလာပြီး
အသင် လူသား ငါသင့်ကို ကူညီမယ်
ဒါပေမဲ့ သင်ဘယ်လိုလုပ်မလဲဆိုတာကိုတော့
အမှန်အတိုင်းပြောပါ
google
ကောင်းပါပြီ သိကြားမင်း
ငါ နင့်ကို ပိုက်ဆံ ငါးသိန်းပေးရင် သင် ဘာလုပ်မလဲ
ဆိုတော့ သူတောင်းစားက စဥ်းစားပြီး
ဖုန်းဝယ်မယ်
သိကြားမင်းက ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲဆိုတော့
သူတောင်းစားသူငယ်ချင်းတွေကို ဖုန်းဆက်ပြီး
ဘယ်နေရာတောင်းကောင်းလဲမေးပြီး
အဲ့ ဒီနေရာသွားတောင်းမယ်တဲ့၊
သိကြားမင်းက အင်း ဒီငွေလောက်နဲ့
သူ့ဘဝမပြောင်းဘူးဆိုပြီ ဒါဆို သိန်းငါးဆယ် ပေးမယ်
ဘာလုပ်မလဲဆိုတော့
သူတောင်းစား ကတချက်ထပ်တွေးလိုက်တယ်၊
ဆိုင်ကယ်တစ်စီးဝယ်ပြီး တောင်းလို့ ကောင်းတဲ့နေရာတွေကို
မြန်မြန်သွားတောင်းလိုက်မှာပေါ့တဲ့၊
သိကြားမင်းက မဖြစ်သေးပါဘူး ဆိုပြီး
သိန်း တစ်ရာပေးမယ်ကွာ... ဘာလုပ်မလဲမေးတော့
သူတောင်းစားက ကားဝယ်ပြီး တစ်မြို့လံုး
လိုက်တောင်းမယ်တဲ့၊
google
သိကြားမင်းက မဖြစ်ပါဘူး နောက်ဆံုးအနေနဲ့
သိန်းငါးရာပေးမယ် ဘာလုပ်မလဲဆိုတော့
သူတောင်းစားက ပျော်ပြီး ဟာ တစ်မြို့လံုးမှာရှိတဲ့
သူတောင်းစားတွေကို ပိုက်ဆံပေး နှင်ထုပ်ပြီး
တစ်မြို့လံုးကို သူတစ်ယောက်တည်း
တောင်းစားမှာပေါ့တဲ့...။
သင့်ရဲ့ အတွေးအခေါ်ဟောင်း၊ ခံယူချက်အဟောင်းတွေ
မစွန့်နိုင်သရွေ့ သူတောင်းစားဘဝက လွတ်မှာ မဟုတ်ဘူး