နေပျော်တဲ့ဘဝ

Words
73
Reading
1 min
Listen
Play
9y

လောကကြီးက စိန်ခေါ်မှုတွေ အရမ်းများတယ်

အပျော်တွေနဲ့ပဲ နေပါ ။
အပျော်တွေကို ဖန်တီးပါ ။
စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ။

ဆုံးရှုံးမှု့ဒဏ်တွေ
ဝမ်းနည်းကြေကွဲမှု့ ဒဏ်တွေကို
ခံနိုင်မှ စိန်ခေါ်မှုတွေ များတဲ့
လောကကြီးကိုရင်ဆိုင်နိုင်မှာလေ။

image
google

လုံလောက်တဲ့ ရင့်ကျက်မှုရှိသူတိုင်းဟာ
ကိစ္စတိုင်းကို ထည့်တွက်မနေကြပါဘူး။

ပူလောင်မှုကိုခံစားနေရတယ် ဆိုတာ
မေတ္တာစိတ်မရှိလို့ ပါ။

ပြီးတော့ အတ္တ စိတ်ကြီးနေတာ
မိမိ ကိုယ် မိမိ ချစ်တာ
မိမိ လောဘ ကို မိမိ မြှောက်ပေးနေတာ
မိမိ မာန ကို ရှေ့ တန်းတင်ပေးနေတာ

ဒီတော့ ဒါတွေမဖြစ်အောင်
သင်စိတ်ညစ်စရာတွေနဲ့ ဝေးသွားအောင်
ဒီလိုစိတ်ထားကြည့်ပါ

ခွင့်လွှတ်နားလည်ပေးကြည့်ပါ
ကိုယ်ချင်းစာစိတ်နဲ့ကြည့်ပါ
အကောင်းမြင်စိတ်လေးနဲ့ အကောင်းမြင်ပေးပါ

image
google

အရင်ငြိမ်းချမ်းသွားမှာက သင်ပါ
လူတစ်ယောက်ရဲ့ အမှား ကို
မေ့ပစ်ခြင်းဟာ လည်း
အကောင်းဆုံး ဂလဲ့စားချေခြင်းတစ်မျိုးပါပဲ။

လက်ရှိကိုယ့်ဘဝ အခြေအနေကို တင်းတိမ်ရောင့်ရဲရင်း ကိုယ့်ဘဝပြည့်စုံအောင်ကြိုးစားအားထုတ်ကြမယ်ဆိုရင်အခုအချိန်မှာ မချမ်းသာ မအောင်မြင်သေးသော်လည်း ဘဝဟာ စိတ်ချမ်းသာမှုအပြည့်နဲ့အတူ ဘဝဟာနေတတ်ရင်ကျေနပ်စရာပါပဲ။

နေပျော်တဲ့ဘဝ | Ecency