အထီးကျန်မူဒဏ်ကို ခံနိုင်တဲ့လူဟာ အောင်မြင်မူဒဏ်ကို ကောင်းမွန်စွာ ခံနိုင်ရည်ရှိသွားစေပါတယ်။
ဘယ်လောက်ပဲ အောင်မြင်အောင်မြင် လုပ်စရာရှိတာ၊ ဆုံးဖြတ်စရာ ရှိတာ အေးအေးဆေးဆေး ဆုံးဖြတ်လုပ်ဆောင်သွားနိုင်စွမ်းရှိပါတယ်။ အောင်မြင်တဲ့လူတော်တော်များများ အချွေအရံ ပေါများကြပါတယ်။
photo - google
အောင်မြင်မူကြီးမားလေလေ၊ အချွေအရံရဲ့ အဆင့်မြင့်မားလေလေဖြစ်ပါတယ်။ ဖိနပ်တိုက်တာကအစ၊ အစားအသောက်စီစဉ်တာကအဆုံး အချွေအရံတွေက လုပ်ဆောင်ပေးကြပါတယ်။ နားဝင်ချိုတဲ့စကား၊ မိမိကိုယ်မိမိ အထင်ကြီးစေတဲ့စကားလုံးများကိုလည်း အချွေအရံတွေက တစ်ဆင့် ကြားရပါတော့တယ်။ လိမ်ညာတဲ့စကားဖြစ်ဖြစ်၊ ဖားတဲ့စကားဖြစ်ဖြစ်၊ အကြိမ်တစ်ထောင်လောက် ဆက်တိုက်ပြောလိုက်ရင် အမှန်တရားလို့ အထင်ရောက်သွားစေတတ်ပါတယ်။ ခေတ်အဆက်ဆက်မှာ လူကြီးများဒီလိုပဲ အဖျက်ဆီးခံခဲ့ရကြပါတယ်။
ဒီလိုပဲ ပျက်ဆီးခဲ့ကြရပါတယ်။
တကယ်လို့ ဒီလူကြီးတွေကသာ အထီးကျန်မူ ရဲ့ တန်ဖိုးကို သိခဲ့ကြမယ်ဆိုရင် မိမိမူလ ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ အများအကျိုးကို ပိုမို သယ်ပိုးနိုင်ခဲ့ကြမှာ မလွှဲပါဘူး။
photo - google
ဘယ်လောက်သာယာတဲ့ အိမ်ထောင်ရေးပဲ ပိုင်ဆိုင်နေပါစေ၊ ဘယ်လောက်ချစ်တဲ့ အသိုင်းအ၀န်းပဲ ရှိနေပါစေ၊ အထီးကျန်မူ နဲ့ ရင်းနီးကျွမ်းဝင်အောင် လေ့ကျင့်ထားသင့်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အိုကြရမှာချည်းဖြစ်ပါတယ်။
အဲဒီအချိန်မှာ တစ်ယောက်တည်း စိတ်ချမ်းသာအောင် နေတတ်ဖို့ဆိုတာ အလွန်အရေးကြီးလာပါတယ်။
အထီးကျန်မူနဲ့ ရင်းနီးကျွမ်းဝင်နိုင်ကြပါစေ။