ပတ်ဝန်းကျင်က
ချီးမွန်းတဲ့စကားထက် ကဲ့ရဲ့အပြစ်တင်ဖို့
မှားကွက်ကို စောင့်နေကြတယ်။
အောင်မြင်နေတဲ့အချိန် ကပ်ဖားပြီး
ကျရှုံးတဲ့အချိန် နှာခေါင်းရှုံ့ကြလိမ့်မယ်။
photo google
အမြင့်မှာနေရင် လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ်
အလယ်မှာနေရင် ပုခုံးချင်းယှဉ်တိုက်လိမ့်မယ်
ဘေးထွက်နေရင် မကောင်းပြောကြလိမ့်မယ်
မင်းကမနေနိုင်လို့လုပ်ပေးတော့ အရူးထမင်းကမနေနိုင်လို့လ။
ဘာမှမလုပ်ပဲနေတော့ မင်းကို ငပျင်းလို့ပြောကြ
လိမ့်မယ်။
မျက်နှာဖုံးစွပ်တွေများတဲ့လောကကြီးထဲမှာ
မိတ်ဆွေကောင်း အင်မတန်ရှားပါးတယ်။
မှန်တယ်ထင်ရင် တကယ်လည်းမှန်နေရင်
ပတ်ဝန်းကျင်ကို သိပ်ပြီးဂရုမစိုက်နဲ့ ။
အထီးကျန်နေရလို့လည်း စိတ်မပျက်နဲ့။
မှားယွင်းနေတဲ့ လူတွေနဲ့ ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက ပိုကောင်းပါတယ်။
ရုန်းကန်လှုပ်ရှားရအကောင်းဆုံးအရွယ်မှာ
ဇိမ်ခံသက်သာတဲ့လမ်းကို မရွေးပါနဲ့ တစ်သက်
လုံး ရေလိုက်ငါးလိုက်နေသွားဖို့က လွယ်ကူပေမယ့်
ထိုးဖောက်ထွက်ဖို့ကျ ခက်ခဲသွားလိမ့်
မယ် ။
photo google
ပြဿနာတိုင်းကို အပြုံးလေးနဲ့ဖြေရှင်းလိုက်
ပြုံးနေခြင်းက အားသာချက်ပဲ။
ဒါပေမယ့် မဲ့ ပြုံးတော့မဖြစ်စေနဲ့ပေါ့။
ပတ်ဝန်းကျင်ကလူတွေကြောင့် စိတ်မညစ်နဲ့။
လူတိုင်းက ကိုယ်နဲ့ ထပ်တူမကျနိုင်ဘူးဆိုတာ
မမေ့နဲ့။
ရင့်ကျက်လာတာနဲ့အမျှ ပတ်ဝန်းကျင်က
မုန်းနေတဲ့သူတွေကို ဥပေက္ခာပြုသွားနိုင်လိမ့်မယ်။