"ဈာပနာ"

Words
32
Reading
1 min
Listen
Play
9y

းး
သေဆုံးသွားတဲ့`မီးလျံ´ကိုအသက်ပြန်သွင်းပြီး
တစ်ကြိုးပြတ်နေတဲ့ ဂစ်တာသံစဉ်တွေတီးခတ်
ရင်ခုန်သံအသေတွေနဲ့ ကခုန်နေလိုက်ကျပုံများ
...
...
အဲ့မျက်လှည့်ပြကွက်(ခပ်ညံ့ညံ့)တွေ
(သေလိုက်ကျ...လဲသေလိုက်ကျဟေ့)
မှော်ဆန်ဖို့်ဆိုတာ.မှော်ဆရာတော့လိုတယ်
...
...
ရင်ဘက်အောက်က ဇီဝဘေစ့်သံတီးတယ်
ပန်းဆီရောင်ခြယ် အိပ်မက်တွေမက်သတဲ့
(ကဲ..ဘယ်လောက်မိုက်မဲလိုက်သလဲကွယ်)
...
...
ဂျက်ဇ်ဂီတသံတွေ..၀ီစကီရနံ့တွေရှတ
ခပ်နွမ်းနွမ်း ဂျာကင်တစ်ထည်နဲ့မြို့ပြမီးရောင်
ညစ်ကျယ်ကျယ်မျှော်လင့်ချက်အချို့ကို့ပွေ့ပိုက်
...
...
မျက်ရည်မဲ့နှင်းဆီနက်အချို့ကိုပွေ့ပိုက်
မိုက်ရူးရဲ စိတ္တဇခပ်ဖျော့ဖျော့တွေပျက်သုဉ်း
အသက်ရှုရတာကိုက..ပင်ပန်း..လွန်းတယ်။
းး

minthetsan@minthetsan

image