ဘယ်မှာလဲကွဲ့ နိဗ္ဗာန်

Words
157
Reading
1 min
7y
Listen to this post
~1 min

ဘယ်မှာလဲကွဲ့ နိဗ္ဗာန်

Where? Which road?What by?
ကျွန်တော်က နိဗ္ဗာန်ရဲ့တည်နေရာကို ရှာဖွေနေ ခဲ့တဲ့အတွက်၊ ဘယ်လမ်းကသွားရမှာလည်း ဘာ နဲ့သွားရမှာလည်း ။ ဘာ့ကြောင့်လိုချင်ရမှာလည်း ဘာ့ကြောင့်သွားချင်ရမှာလည်း ဆိုတာတွေ လျှောက်တွေးပြီး နားမလည်နိုင်ဖြစ်နေခဲ့တာ မနေ့ကတော့ နေရွှေသွေးအောင်မေးတာကို ပါချုပ်ဆရာတော်ဖြေတာ နားထောင်လိုက်တော့ နိဗ္ဗာန်ဟာဘုံတစ်ခုမဟုတ်ဘူး။တည်နေရာတစ်ခုမဟုတ်ဘူး။ အကြောင်းတရားတွေချုပ်ငြိမ်းသွားတဲ့ သဘောတရားလေးသာဖြစ်တယ်၊ ပြီးတော့ ဘယ်အကြောင်းတရားတွေချုပ်ငြိမ်းသွားရမှာ လည်းဆိုတော့ သမုဒယတဏှာဖြစ်ကြောင်းတရား တွေချုပ်ငြိမ်းသွားတဲ့သဘောလေးဆိုတော့ ဉာဏ် ထဲမှာရှင်းသွားသလိုပါပဲ ။
ဘယ်အထိရှင်းသွားသလဲဆိုရင် သီလအထိရှင်း သွားတယ်။ လူတွေဟာဘာကြောင့်သီလကျိုး ပေါက်ကြသလဲဆိုတော့ သမုဒယတဏှာလို့ခေါ် တဲ့ချစ်ခြင်းမုန်းခြင်းတွေကြောင့်ပဲ။ အသက်သတ်တယ်ဆိုပါတော့ ခြင်သတ်ရင် ဘာကြောင့်သတ်သလဲ ငါ့ခန္ဓာကိုယ်ကို ကိုက်လို့ ပေါ့။နွားသတ်ရင်ဘာကြောင့်သတ်သလဲ။ ငါ့ခန္ဓာ ကိုယ်အတွက်စားဖို့ပေါ့။ ခိုးရင်ရော ဘယ်သူ့အတွက်လည်း ငါ့အတွက်၊ ငါ့သားမယားအတွက်၊ သမုဒယပဲအခြေခံတာ။ လိမ်ရင်လည်းဒီလိုပဲ။ သေ ရည်သေရက်သောက် ရင်လည်းအတူတူပဲ။ သူတစ်ပါးသားမယားပြစ်မှားရင်လည်းအတူတူပဲ။ သမုဒယတဏှာပဲ။ ဒါကြောင့်မြတ်စွာဘုရားက နိဗ္ဗာန်ဟာ ခပ်သိမ်းသောဒုက္ခတို့၏အေးငြိမ်းရာဆို ပေမယ့်။ ငါးပါးသီလလောက်မြဲရင်လည်း အထိုက် အလျောက်ငြိမ်းအေးနိုင်တဲ့အတွက် ဒီ သီလကို ဟောကြားထားခဲ့တာပဲ။ ဒီသမုဒယတွေကြောင့် သီလတွေကျိုးပေါက်မိတဲ့အခါ နောက်ဆက်တွဲ ဒုက္ခတွေဟာများလွန်းလှပြီး အမြဲပူလောင်နေကြ ရပါတော့တယ်။ ကိုယ့်ကိုဘယ်သူကပြန်သတ်မလဲ ကိုယ့်ပစ္စည်းဘယ်သူကပြန်ခိုးမလဲ။ ကိုယ့်ကိုဘယ် သူကလိမ်သွားမလဲ စသည်ဖြင့်ပူနေရမှာဖြစ်ပါ တယ်။ သီလလေးသာ ဘဝအဆက်ဆက်မြဲသွားခဲ့ ရင် နောင်ဘဝတွေမှာလည်းပေးဆပ်စရာအကြွေးမ ရှိတော့တဲ့အတွက်ဘဝဆက်တိုင်းနိဗ္ဗာန်ရသကဲ့သို့ အေးအေးချမ်းချမ်းနေသွားနိုင်မယ့်သဘောဖြစ်ပါတယ်။
တစ်ခုတော့ရှိတာပေါ့ ခုဘဝမှာ သီလရဲ့အကြောင်း အကျိုးကိုကောင်းကောင်းသဘောပေါက်သွားတဲ့ အတွက် သီလမြဲအောင်တစ်ဘဝလုံးနေသွားနိုင်ပြီ ပေါ့ ဒါပေမယ့် နောက်ဘဝအတွက်ဒီသီလကိုဘယ် လိုဆက်ထိန်းမလဲ။ ငါ့မှာသီလအမြဲထိန်းဖို့အရင် ဘဝက ဆုံးဖြတ်ထားခဲ့တာလို့ နောင်ဘဝမှာမသိပဲ။ ခန္ဓာကိုယ်အသစ်နဲ့ အကုသိုလ်တွေဆက်ပြီးကျူး လွန်နေရင်ဘယ်လိုလုပ်မလဲ။
ဒါကိုစဉ်းစားတဲ့အခါ သောတပန်ပုဂ္ဂိုလ်ကို တွေးကြည့်ရမယ်ထင်ပါတယ်။ ဒီဘဝမှာသော တပန် နောင်ဘဝရောက်တော့ အစကပြန်ကျင့်နေ ရမှာလား။မဟုတ်ပါ။ သောတပန်ဖြစ်ပြီးရင် (၇) ဘဝပဲ နတ်ပြည်မှာနေပြီး။ နိဗ္ဗာန်သွားရမယ်လို့ဆို ထားတဲ့အတွက် ငါးပါးသီလမြဲရင် အနည်းဆုံးဟာ စူဠသောတပန်အဆင့်လောက်ရှိနေ တဲ့အတွက် သူဟာ နောင်ဘဝတွေမှာလည်း အလိုလို ငါးပါးသီ လမြဲချင်သူ၊မြဲနေသူ။ ဆက်ဖြစ်နေမှာပါ။ အဲဒီဘဝရဲ့သမုဒယတွေက အင်အားကြီးကြီးနဲ့ မကြုံရဘူးဆိုရင်ပေါ့လေ။ သာသနာလည်းရှိနေ သေးတဲ့အတွက် သူဟာသာသနာတွင်းသားအဖြစ် ငါးပါးသီလတွေမြဲနေဦးမှာလို့ ယူဆလို့ရပါတယ်။ ဒါဆို နောင်ဘဝအတွက်မပူတော့ဘူးဆိုတဲ့အဓိပ္ပယ် ဆိုရင် ယခုလက်ရှိဘဝတစ်လျှောက်လို့ ငါးပါးသီ လကို ခါးဝတ်ပုဆိုးကဲ့သို့မြဲမံဖို့ရာ သတိကလေး ကပ်ထားပြီး ငါးပါးသီလကျိုးပေါက်နိုင်တဲ့အ ခွင့် ကြုံတိုင်း မကျိုးပေါက်ရအောင်းထိန်းသိမ်းသွား နိုင်ပြီး နောက်ပိုင်းမှာ အထူးသဖြင့်ရှောင်ကျင်နိုင် တဲ့သူဖြစ်လာခဲ့ပြီဆိုရင် ဘဝတစ်ခုခုမှာ နိဗ္ဗာန်ဆိုတာလည်းမဝေးလှပြီလို့ ဆိုနိုင်ပြီထင်ပါတယ်လေ။

ဘယ်မှာလဲကွဲ့ နိဗ္ဗာန် | Ecency