သင့်အိမ်မက်တွေကိုဈေးပေါပေါနဲ့မရောင်းလိုက်ပါနဲ့

minpine(47)
Published in
#esteem
Words
90
Reading
1 min
Listen
Play
8y

image
သင့်အိပ်မက်တွေကို ဈေးပေါပေါနဲ့ မရောင်းလိုက်ပါနဲ့

လူအများစုက သူတို့ရဲ့ အိပ်မက်တွေကို ဈေးနည်းနည်းလေးနဲ့ ရောင်းစားလိုက်တယ်။

သူတို့ဟာ လစာနည်းနည်းလေးနဲ့ နေနိုင်စားနိုင်ရုံလောက် ဘဝလေး ရရင်ကို ကျေနပ်နေကြတယ်။

သူတို့ဟာ အိပ်မက်တွေ

တစ်ချိန်ချိန်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိတတ်ကြပေမဲ့ သူတို့ အိပ်မက်တွေက ဘယ်တော့မှ ဖြစ်မလာတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ အိပ်မက်တွေကို ရောင်းစားခဲ့ကြလို့ပါ။

လစာနည်းနည်းပဲရတဲ့ အလုပ်လေးတွေက သူတို့ကို အိပ်မက်ဆီ သွားလို့မရအောင် ထောင်ချထားတယ်။

တစ်ခြားလူတွေ သူတို့ အိပ်မက်တွေဆီ အရောက်လှမ်းနိုင်တဲ့ အချိန်ကြရင် သူတို့က အံ့အားသင့်နေတတ်ကြတယ်။

ဒီလိုနဲ့ အသက်တွေ ကြီးလာပြီး ဘဝနေဝင်ချိန်ကို ရောက်သွားပါလေရော။

သူတို့တွေ အကျိုးသက်ရောက်မှု တစ်ခုခု ထားခဲ့နိုင်မယ်လို့ထင်လား။ နောင်လာနောင်သားတွေအတွက် အမွေအနှစ်ရော ထားခဲ့နိုင်မယ်လို့ထင်သလား။ သူတို့ လုပ်နိုင်သမျှ သူတို့ ကြိုးစားခဲ့တယ်လို့ သင်ထင်ပါသလား။
image

အိပ်မက်တွေမက်ခဲ့ဖူးတယ်ဆိုရင် အိပ်မက်အတွက် အသက်ရှင်ဖို့လိုပါတယ်။

ဒီအတွက်လည်း မိတ်ဆွေမှာ အခွင့်အရေး အပြည့်အဝရှိနေပါတယ်။

ခြားနားတဲ့ လူတစ်ယောက်အဖြစ် အသက်ရှင်ပါ

ရည်မှန်းချက်ချမှတ်ပါ

သင် လုပ်နိုင်ပါတယ်

အိပ်မက်အတွက် အသက်ရှင်ပါ

သင့်ဟာ သင့်ဘဝရဲ့ ကပ္ပတိန်ပါ

အခုအချိန်က သင် စတင်ပြေးလွှားရတော့မယ့် အချိန်ပါပဲ

သင့်အိပ်မက်တွေက ရောင်းဖို့မဟုတ်ပါဘူး

ဘယ်တော့မှ သာမန်ဘဝနဲ့ မကျေနပ်လိုက်ပါနဲ့

အိပ်မက်အတွက် အသက်ရှင်ရဲတဲ့ လူတစ်ယောက် ဖြစ်ပါစေ
Crd by minpine@minpine

သင့်အိမ်မက်တွေကိုဈေးပေါပေါနဲ့မရောင်းလိုက်ပါနဲ့ | Ecency