စိတ်ဖြစ်တိုင်းမျိုးစေ့ကောင်းကြဲမိ့ပါစေ

minpine(47)
Published in
#esteem
Words
91
Reading
1 min
Listen
Play
8y

image
"စိတ်ဖြစ်တိုင်းမျိုးစေ့ကောင်းကြဲမိ့ပါစေ"
၁. စိတ်နဲ့ပွားမှ ဘဝနာအစစ်
၂. အာရုံကောင်းဟာစိတ်၏အားဆေးပါ
၃. ဘေးကင်းချင်ရင် ဘေးကင်းသူကိုသတိရပါ
၎. ဘုရားရှိလို့ တရားသိတာပါ
၅. နှလုံးတရားမြတ်ရင် အရှုံးတရားရပ်တယ်
၆. တရားမှီခိုရင် ဘုရားကြည်ညိုတယ်
၇. စိတ်မြောက်မှ ထိပ်ရောက်မယ်
၈. ပုံတော်အတွင်း ဂုဏ်တော်သွင်းပါ
၉. အကောင်းမှီရင် အမှီကောင်းပါတယ်
၁၀. ဓာတ်ကူးကောင်းရင် ဓာတ်ကောင်းကူးပါတယ်
၁၁. အံ့ဖွယ်အကျိုးလိုချင်ရင် အံ့ဖွယ်ပုဂ္ဂိုလ်ကိုသတိရပါ
၁၂. ဂုဏ်တော်လှေကားနဲ့တက်ရင်လည်း နိဗ္ဗာန်ရောက်ပါတယ်
၁၃. တစ်ညှာဆွဲရင် တစ်တွဲလုံးပါပါတယ်
image
၁၄. ဂုဏ်တော်ပွားတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဆုံးမတာပါ
၁၅. ကမ္ဘာပေါ်မှာတန်ခိုးအကြီးဆုံးဘုရား သင့်နှလုံးသားထဲမှာ
ရှိပါတယ်
၁၆. စိတ်အေးချမ်းချင်ရင် စိတ်အေးချမ်းသူကိုသတိရပါ
၁၇. ဂုဏ်တော်ပွားတယ်ဆိုတာ ကိုယ့်စိတ်ကို ကြေး(ဂျီး) ချွတ်
နေတာပါ
၁၈. အပွေ့အဖက်သန်ရင် အငွေ့အသက်ကျန်တယ်
၁၉. အပေါ်ယံကြည့်ပြီး ဝေဖန်တာ အပေါ်ယံသမားတွေရဲ့
အလုပ်ပါ
၂၀. ဂုဏ်တော်ပွားတယ်ဆိုတာ မိတ္တူကူးယူးတာပါ
၂၁. ကွယ်ရာမှာလုပ်တဲ့မကောင်းမှု ကွယ်ရာမှာပဲ အကျိုး
ပေးလိမ့်မည်မဟုတ်
၂၂. စွမ်းအားရှင်ဆိုတာ စွမ်းအားမျိုးစုံကို ရှင်သန်စေနိုင်ရတယ်
၂၃. အူပျော်မြူးတာကို ပူဇော်ဘူးတယ်ထင်ရင် သူတော်ရူးပဲ
ဖြစ်လိမ့်မယ်
၂၄. တရားဆိုတာ သိရုံနဲ့မပြီးဘူး ရှိအောင်ကြိုးစားပါ
၂၅. စိတ်ဖြစ်တိုင်း မျိုးစေ့ကောင်းကြဲမိ့ပါစေ
Crd by minpine@minpine
image

စိတ်ဖြစ်တိုင်းမျိုးစေ့ကောင်းကြဲမိ့ပါစေ | Ecency