🌿တစ်ယောက်နဲ့တစ်ယောက် ဝေးသွားကြတဲ့အခါ🌿
❀ အခြေအနေတစ်ခုကြောင့် …
မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင်
ဝမ်းနည်းစရာ မလိုသလို
ပြန်ပြီးလည်း မမျှော်လင့်ပါနဲ့
❀ ရေစက်ရှိလို့ ဆုံခဲ့ကြပြီး
ကံကုန်ရင် လမ်းခွဲကြရမယ် …
ကံမကုန်သေးရင် ပြန်ဆုံတွေ့ဖြစ်ကြမယ်
❀ ဘဝရဲ့လှည့်ကွက်တွေအောက်မှာ
တစ်ယောက်နဲ့ တစ်ယောက်
မမျှော်လင့်ပဲ တွေ့ဆုံခဲ့ကြပြီး
မျှော်လင့်မထားတဲ့ ကံကြမ္မာမုန်တိုင်း
ဖန်တီးလာပြီဆိုရင်
ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့်လည်း
တစ်ယောက်နဲ့တစ်ယောက် ဝေးကွာသွားကြရတာပါပဲ
❀ တစ်ကယ်တမ်းကြတော့ …
ရေစက်ရှိလို့ ဆုံတာထက်
တစ်ယောက်ကို တစ်ယောက်
ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ
❀ အနားမှာ ထွက်ခွါသွားသူကို ကျေးဇူးတင်လိုက်ပါ …
သူကြောင့် ဝဋ်ဒုက္ခမှ လွတ်ကင်းသွားလို့ပါ
❀ ဘဝဆိုတာ …
ကိုယ်က ချစ်နေပြန်တော့လည်း
တစ်ဖက်သားက မုန်းနေပြန်တတ်တယ်
ကိုယ်က မုန်းနေပြန်တော့လည်း
တစ်ဖက်သားက ချစ်နေပြန်တတ်တယ်
❀ ချစ်ခြင်း , မုန်းခြင်းတွေအောက်မှာ
သိပ်ပြီးတော့လည်း လိုက်ခံစားမနေပါနဲ့ ၊
တွေ့ကြဆုံကြ ခဏလေးပါ …
❀ နေရတဲ့အချိန်လေးမှာ
ကိုယ့်ကြောင့်လည်း သူတစ်ပါး စိတ်မဆင်းရဲစေနဲ့ . . .
သူတစ်ပါးကြောင့်လည်း ကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့
❀ ကိုယ့်ကိုယ်ကို အေးချမ်းစွာနေရင်း
ဘဝလမ်းခရီးကို အကောင်းမြင်တတ်တဲ့ မျက်လုံး
စာနာတတ်တဲ့ နှလုံးသား
ကူညီတတ်တဲ့ လက်တစ်စုံနဲ့လျှောက်လှမ်းကြပါ...။