အလွမ်းမှတ်စု
နီးလျက် ဝေးနေတဲ့ မြို့ပြမှာ
အလွမ်းတွေ ကောက်သီဖြစ်ခဲ့တယ်...။
အကြင်နာတရားဟာ
ငါ့ကို ဥပေက္ခာ ပြုထားလေသလား
နေ့တွေညတွေကတောင်
ငေးမော့ကြည့်နေကြပြီ...။
လမင်းရယ်...
ငါ့နံဘေးမှာ လင်းလက်နေတဲ့ ကြယ်ကလေးတွေရယ်
ပျော်ရွှင်မှုဆိုတာ...
မင်းတစ်ယောက်တည်းပဲ စာလုံးပေါင်းပေးနိုင်မှ
လုံလောက်ခဲ့ရတာပါ...။