Longing

Words
120
Reading
1 min
Listen
Play
9y

အလွမ်းမှတ်စု

မ ရေမရာနဲ့ အထီးကျန်ဆန်တဲ့
ဘ၀ငယ်တစ်ခုမှာ
အလွမ်းတွေကို စိတ်မပါပဲ
ကောက်သီနေဖြစ်ခဲ့တယ်၊

ဘယ်လိုမှ ပြန်လည်မရရှိနိုင်တော့တဲ့
အကြင်နာတရားတွေကို
ကိုယ်ဘယ်လိုများ ထုဆစ်ပြီး
ပြန်ယူရနိုင်မလဲ?

ကိုယ့်ကမ္ဘာရေ...ကိုယ့်အိပ်မက်ရေ...
ကိုယ့်မရှိမဖြစ်တို့ရေ...မင်းတို့ကို
မနေ့ကထက်
ဒီနေ့ ပိုပိုလွမ်းလာတယ်
ဒီနေ့ထက် ပိုပိုလွမ်းရမယ့် မနက် ဖြန် ဆိုတာကို
ကိုယ့်စိတ်က တွေးတွေးပြီး ကြောက်နေခဲ့ရတယ်၊

အရူးကို အရက်တိုက်မိသလိုမျိုး
အချစ်ကြောင့် မသိစိတ်ပျောက်ခဲ့ရတဲ့
နံရံမည်းကြီးတစ်ခုရဲ့ လမိုက်ညတွေဟာ
အရင်လို မလန်းဆန်းတော့ဘူး
အရင်လို မအေးချမ်းတော့ဘူး...
ကိုယ့်ကမ္ဘာကြီးရေ...မရှိမဖြစ်တို့ရေ....၊

အကျင့်ပျက်လာတဲ့ သစ္စာတရားဟာ
ကိုယ့်ကမ္ဘာမှာ အရောင်မပြောင်းပါစေနဲ့
မေတ္တာတရားတွေနဲ့ နွေးထွေးခဲ့ရတဲ့
အတိတ်နေ့ရက်တွေ အတွက်
ကိုယ်ဟာ မုဒိတာတွေ ဝေမျှမိခဲ့တယ်...၊

တကယ်တော့ ခွဲခွာခြင်းတရားဆိုတာ
စိတ်ဓာတ်ခိုင်မာသူတွေအတွက်
ဘာမှ ထူးထူးခြားခြား မခံစားရပေမဲ့
စိတ်ထား ပျော့ညံ့သူအတွက်တော့
အိပ်ယာထဲ လူးလိမ့်ခံရတဲ့ အဖြစ်မျိုးကြီးပါ...၊

ကောင်းကင်ရေ...
လမင်းရေ...ပင်လယ်ပြာကြီးရေ...
ရေရှင် မြေရှင်တို့ရေ...
ကျွန်တော့်ချစ်သူဟာ နူးညံ့တယ်
သိမ်မွေ့လွန်းတဲ့ သူတစ်ယောက်လည်းဖြစ်တယ်
တစ် ခါတစ် ရံ မေ့တတ်တဲ့ သူ့စိတ်တွေကို
သတိတရားလေးတွေ ပေးသနားပါ၊

အိပ်မက်တွေ အသက်သွင်းခွင့်ရဖို့အတွက်
နှစ်ရှည်စောင့်ရဦးမှာလား
ရက်စက်တဲ့ စိတ်ထားတော့ မမွေးစေချင်ဘူး
လူ့ဘောင်လူ့လောကကြီးဟာ
အချင်းချင်း ဖေးမကူညီမှ အဓိပ္ပါယ် ရှိတာ
ကိုယ်ဟာ လူတစ်ယောက် ပြန်ခွင့်လွတ်ရင်
ခြေသလုံး ဖတ်ပြီး တောင်းပန်နိုင်တဲ့ လူစားမျိုးပါ...၊

ချစ်သူရေ.....
ကိုယ်ဟာ လရောင်ကို
နမ်းရှိုက်ခွင့်ရမှ ရှင်သန်ရမယ့် ပန်းမျိုးပါ...

လရောင်ဟာ ပန်းနဲ့ဝေးနေပေမဲ့
ပန်းရဲ့ခန္ဓာကိုယ်မှာ အမြဲတမ်း
အရိပ်အယောင်တွေနဲ့ ခြုံလွှမ်း ပေးထားသူပါ...

မမီနိုင်တော့တဲ့ အရာကို တမ်းတနေရတာ
ပင်ပန်းလှပါတယ်
မေ့ပစ်နိုင်အောင် ကြိုးစားခဲ့ပေမဲ့လည်း
အစွဲအလမ်းကြီးသူတစ်ယောက် ဖြစ်နေတာမို့
မင့်ပျော်ရွှင်မှုတွေ မကုန်ဆုံးအောင်
ခပ်ဝေးဝေးလေး လွမ်းပေးပါ့မယ်...။

minminthet@minminthet

Longing | Ecency