"ဆီးကျောက်တည် ဝေဒနာရှင်များအတွက်…
အစွမ်းထက်သော ဆေးနည်း။
(၁) ထိကရုံးပင် ပဉ္စငါးပါးကို ရေနှင့်ပြုတ်ပြီး ရေနွေးသောက်သကဲ့သို့ သောက်သုံးမှီဝဲပါ။ ၃.ရက်(သို့) တစ်ပတ်လောက်ဆက်သောက်သော် သက်သာပျောက်ကင်းသည်။
ထိကရုံးပင်၏ အမြစ်ကို ပြုတ်သောက်သော် ဆီးအိမ်၌တည်သော ကျောက်ကို ပျော်၍ ကွဲကျစေပြီး ဆီးကောင်းစေသည်။ {မြန်မာ့ဆေးဖက်ဝင် အပင်များ}
ဆီးပူ ဆီးအောင့်ရောဂါဖြစ်လျှင် ထိကရုံးပင်၏ ပဉ္စငါးပါးကို အခြောက်ပြုလုပ်၍ လက်ဖက်ခြောက်ကဲ့သို့် ပြုလုပ်ပြီး သောက်ရ၏။ [ရှင်နာဂသိန် လက်စွဲအဘိဓာန်ကျမ်းမှ]
(၂) ဗူးစေ့အစိုနဲ့ ဖာလာစေ့ထောင်းပြီး ရေစိမ်သောက်ပါ၊
အဖတ်ဝါးပြီး ထွေးပစ်ပါ၊ နာရီဝက်ကြာသော် ရေအ၀သောက်ပါ၊ ယူပစ်သလို ပျောက်ကင်းသည်။ {ကြေးမုံသတင်း}
(၃) အုန်းသီးစိမ်း တစ်လုံးကို ဖောက်၍ ရရှိသော အုန်းရည်ကို မန်ကျည်းစေ့တစ်စေ့ခန့်လောက်ရှိသော ကျောက်ချဉ်မှုန့်နဲ့ နာရီဝက်ခန့် စိမ်ထားပြီး သောက်ပါ။
(၄) ဆီးဖြူသီး ၂၀.သားကို နူးအောင်ပြုတ်၍ အစေ့ထုတ်ပါ။ နနွင်းမှုန့်  အစစ် ၁၀.သား၊ပျားရည် ၁၀.သား (၃)မျိုး သမအောင်
ရောမွှေပြီးလျင် တစ်နေ့လျှင် လက်ဘက်ရည် (၁)ဇွန်းကျ စားသုံးပါ။
(နနွင်းကြောက်သူများ ပျားရည်ကို ထို့ထက်ပို၍ထည့်ပြီး စားသုံးနိုင်သည်။)
အာရောဂျံ ပရမံ လာဘံ -
ကျန်းမာခြင်းသည် ကောင်းမြတ်သော လာဘ်တစ်ပါးဖြစ်၏။
တစ်နည်း
လက်တွေ့ ပျောက်နည်းတစ်မျိုးပါ ပြောပြလိုက်မယ်။
ခါကြင်ကောင် ငါးကျပ်သားကို ထောင်းပြီး ဝက်သားသုံးထပ်သား ၂၅ ကျပ်သားနဲ့ ရောချက်စား နှစ်ခါစားလျှင် ဆီးကျောက် ကြေပါသည် ခါကြင်ကောင် အသေကို ရှမ်းပြည်နယ်က မြို့များတွင် ဝယ်ယူရရှိနိုင်ပါသည်။