Poem

minhtike(40)
Published in
#poem
Words
95
Reading
1 min
Listen
Play
9y

မြို့တစ်​မြို့အ​ကြောင်းမိတ်​ဆက်
image
လမ်း​​ပေါ်မှာ ယူစရာ သံ​ဝေဂ​တွေ
ဖွေး​ဖွေးလူပ်​ ပြန့်​ကြဲ​နေတဲ့မြို့
အဝါးရခက်​တဲ့ ​ပေါင်​မုန့်​နဲ့ ကဗျာစရာထွက်​တဲ့မြို့​ပေါ့....
ဘဝင်​မြင့်​​နေတဲ့ တိမ်​တိုက်​​တွေ
နောင်​တရ မျက်​ရည်​ကျရာမြို့
တယ်​လီဖုန်း ဝါယာကြိုးထဲမှာ
သူ့ဒါဏ်​ရာ​တွေ တုန်​ခါစီးဆင်း​နေတဲ့မြို့...
ပုရစ်​​ကြော်​၊ ယန်း​ပေါဆက်​နဲ့ ​ဘောလုံးပွဲ ကြိုက်​နှစ်​သက်​တဲ့မြို့
က​ဖေးဆိုင်​၊ အရက်​ဆိုင်​နဲ့ rotten eggs ​တွေ စည်​ကားရာမြို့
နွားနို့နဲ့ ဖဲချပ်​​တွေ စာတိုက်​က ​သောကြာ​နေ့တိုင်း ​ရောက်​လာတတ်​တဲ့မြို့...
image
မိုက်​မဲမူ့​တွေ အ​တောင်​​ပေါက်​ကာ
ပျံဝဲတဲ့ ရာသီဥတု သူမှာရှိတဲ့မြို့
အရိုးများတဲ့ အ​တွေးအ​ခေါ်နဲ့
သ​င်္ဘောပျက်​​တွေ အ​ရောင်းအဝယ်ုဖစ်​ရာမြို့..
လကွယ်​ညတိုင်း ထရိုဂျင်​မြင်း​တွေ
မှောင်​ထဲမှာ ခုန်​​ပေါက်​ မြူးတူးရာမြို့
လူ​ပျောက်​​ကြော်​ငြာထဲမှာ ဘယ်​​တော့ သူ့နာမည်​ပါလာမလဲလို့ ​စောင့်​ဖတ်​​နေတဲ့မြို့...
မြို့တစ်​မြို့ဆီ ခရီးထွက်​ဖို့ စဉ်းစား​နေတဲ့မြို့...
သူ့ကိုသူ မြို့ မှန်းမသိ​တော့တဲ့မြို့​ပေါ့...
ညအခါ သူအို​တွေ ကျမ်းစာရွတ်​ဖတ်​ချိန်​ တ​စ္ဆေကြယ်​​တွေမှောင်​ထဲမှာ ​ရွေ့လျှားရာမြို့..
သူ့ ဦး​ခေါင်းထဲကို ကွန်​တစ်​ချက်​ပစ်​လိုက်​ယုံမျှ ဆာ​လောင်​​နေတဲ့ငါး​တွေ
တဖျပ်​ဖျပ်​ ရနိုင်​ရာမြို့..
ဘယ်​သူဟာ အ​ပျော်​သ​ဘောနဲ့ ကိုယ့်​ကိုကိုယ်​ နာကျင်​​အောင်​လုပ်​မလဲလို့ ​တွေး​ခေါ်ခဲ့ဖူးသူမြို့​ပေါ့...
ပျော်​ရွှင်​မူ့​တွေဆီ ခုန်​ချလိုက်​တိုင်း
ဘယ်​​တော့မှ ​လေထီးမပွင့်​သူမြို့
(ချို င်း​ထောက်​နဲ့ ပါတ်​တီးကိုမုန်းသတဲ့)
ပြတင်းဝမှာ ည​နေတိုင်း
အော်​မြည်​​နေတဲ့မျက်​လုံးတစ်​စုံနဲ့
ထိုင်​​ငေးတတ်​သူမြို့​ပေါ့...
သူ့ အထ္တုပ္ပတ္တိကို သူကိုယ်​တိုင်​​ရေးပြီး မီးရို့ပစ်​ခဲ့သူမြို့....
အဲ့ဒီမြို့ဟာ သင့်​ဆီကို မတ်​လ
(၄) ရက်​​နေ့မှာ အ​ရောက်​ထွက်​ခွာလာမှာဖြစ်​တယ်​မိတ်​​ဆွေ..။

Poem | Ecency