တော်သေးတာပေါ့

Words
90
Reading
1 min
Listen
Play
8y

image

လူဟာ ကိုယ်ကြုံနေရတာကိုမှ ဆိုးလှပြီလို့ ထင်တတ်ကြ စိတ်ဓါတ်တွေ ကျတတ်ကြတယ်။ တကယ်က ဒါဟာ ကိုယ်တစ်ယောက်တည်း ခံနေရတာမျိုး မဟုတ်။ ဒါထက်ဆိုးတာတွေတောင် ကြုံတတ်လို့ ဒီလောက်ပဲ ဖြစ်တာ တော်သေးတာပေါ့ ဆိုတဲ့ စကားနဲ့ စိတ်အားမငယ်အောင် ဖြေရတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးချင်တဲ့အခါ သိပ်လိုအပ်ပါတယ်။ ရှေ့ဆက်ဖို့ အားရှိအောင် အဖြေရှာဖို့ ဖြေရှင်းဖို့ဘက် စိတ်ကို တည်တည်ငြိမ်ငြိမ်လှည့်လာအောင် ပို့ပေးတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ သဘောရပါတယ်။

ပိုကောင်းတာကတော့ ပြသနာရဲ့ အခြေအနေ အတိမ်အနက်ကို အမှန်အတိုင်း ရှုမြင်သုံးသပ်လက်ခံပြီး ဘာဆက်လုပ်သင့်သလဲ တွေးတာ ပြောတာ ဆွေးနွေး အဖြေရှာတာမျိုး ပေါ့လေ။

တော်သေးတာပေါ့ ဆိုတဲ့ စကားဟာ အခြားသူက ပြောတဲ့ အခါမှာ ခံစားနေရသူချင်း ပြောရင်တစ်မျိုးဖြစ်ပေမယ့်၊ ကိုယ့်လို ခံစားမနေရတဲ့ သူတစ်ဦးကပြောတဲ့အခါ ကိုယ်ချင်းမစာလိုက်တာ။ ပြောရက်လိုက်တာ။ အေးလေ သူမှ မခံစားရတာကိုးလို့ စသဖြင့် ရည်ရွယ်ရာတစ်ခြား ခံယူရာတစ်ဖုံ ဖြစ်သွားတတ်တယ်။

တကယ် စဉ်းစားကြည့်ရင်တော့ ဒီစကားက အလကားစကားတော့ မဟုတ်ပါဘူး။ စေတနာပါပါတယ်။ ခံစားရတာသက်သာအောင် ဖေးမပေးလိုတဲ့ စိတ်နဲ့ ပြောထွက်လာတဲ့ စကားပါ။ တစ်မျိုးစဉ်းစားထားရင်တော့ နည်းနည်း နားအ၀င်ဆိုးတာပေါ့လေ။ အဓိပ္ပါယ်ကောက်ပါ လွဲသွားရင်တော့ ပြောင်းပြန် အကျိုးသက်ရောက်မှုတွေထိပါ ဖြစ်ကုန်တတ်ပြန်ရော။

သို့သော် ကိုယ်ကတော့ အကောင်းဘက်ကကြည့်ပြီး ခံစားရှူမြင်တယ်။

Min Min

တော်သေးတာပေါ့ | Ecency