ရေဆင်း တတိယ နှစ်ဖြေပီး လွိုင်ကော်အိမ် ပြန်ရောက်နေသည်။
ထိုစဉ်က အဖေ မှာ ကယားပြည်နယ်ယာယီတပ်ဖွဲ့မှူး တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။ တစ်ည မှာ ပြောင်းစိုက်ထားသော နွားလဝိုး ဘက်ကျောက်တောင်ကင်းအဖွဲ့ သို့ သွားရောက်စစ်ဆေးမည် ဟု အိမ်တွင် ပြောသံကြားရသည်။
အမေက သားလိုက်သွား စိတ်မချလို့ နင့်အဖေ ကို တဲ့
၁၂ ယောက် ကင်းချထားသော နွားလဝိုးဘက် ၈မိုင်အကွာ ကျောက်တောင်သို့ရောက်ရှိစစ်ဆေးနေစဉ်
အဖေက တောင်တွေ ကျောပေးပီး သူ့ အဖွဲ့များအား အားပေးစကားပြောနေစဉ် သူ့အနောက် တောင်ပေါ်မှ မီးရှို့ပြလေသည်။ အဖေ တစ်ယောက်မှ လွဲ ကျန်တဲ့သူ အကုန်မြင်ရ စကားဖြတ်ပြော၍မဖြစ်သဖြင့် အကုန်ငြိမ်နေရသည်။
စကားပြောပီးနောက် အဘ ဟိုးမှာ သူတို့ရှိကြောင်းပြနေတယ် ဟု ပြောသော် မီးမှာ ငြိမ်းသွားလေသည်။
M16 ရှိလား ဟျောင်
ဗျာ ဟုတ် ရှိတယ်
ကျည် အပြည့်လား
ဟုတ်ကဲ့
မောင်းတင်ပေး
ဟုတ်ကဲ့
ကဲ မင်းတို့ခုန ပြတဲ့ မီးရှို့တယ် ဆိုတဲ့နေရာ ပြစမ်းကွာ
ထို့နောက်
ဒိုင်းဒိုင်းဒိုင်းဒိုင်း ဒိုင်း
၁၅ ချက် ခန့် ဆွဲ ပီးသော်
ကဲ ငါ ပြန်မယ်
ကျန်သော ၁၂ယောက် ကင်းအဖွဲ့များထဲမှ အရာရှိတစ်ဦးက
ဟာ အဘ အဲ့လို မလုပ်ခဲ့ပါနဲ့ ကျော် တို့ မနေရဲတော့ဝူးတဲ့လေ
ကျော်ကဝင်ပြောရသည်။
ဟုတ်တယ်လေ အဖေကလဲ ရန်သွားစပီး ပြန်မယ် ဆိုတော့ ဒီမာ ကျန်တဲ့သူတေ နားကားမှာ ပေါ့
အာ့ဆို အင်အား ၂၀ ထပ်ပို့လိုက်မယ်ကွာ ဆိုတော့မှ ငြိမ်သွား။
လားရှိုး တာဝန်ထမ်းဆောင်စဉ်
စံလောင်း သီပေါ နှင့် လားရှိုးကြား သူပုန်တွေ ဖြတ်သည်ဟု သတင်းရပီးသကာလ
PA နှင့် Driver ဧည့်သည်ဧည့်ခံနေရင်းအရှိန်များသွား၍
သား မင်းက PA ရော Driver ရောလုပ် ဟုဆိုပီး
ရဲကား နှင့် စံလောင်းဘက် ည ၁၀ နာရီလောက်ထွက်ခဲ့
အိမ်မှ မထွက်ခင် အဖေ သေနတ်ယူခဲ့အုန်းနော် ဟန်ကိုယ့်ဖို့
စံလောင်းနားဖြတ်တော့ အရာရာတိတ်ဆိတ်
သို့နှင့် သီပေါ တံတားနားထိ မောင်းခိုင်းလေသည်။
တံတားနားရောက်တော့ ကားတေ တန်းစီ ပီး ရဲများစစ်ဆေးတောင်းခံနေရာ
သား အသာလေး မီးမိတ်ပီး သူတို့ကားတန်းနောက်ထိုးလိုက်
ဟုတ်
၂ မိနစ်လောက်ကြာတော့
ရဲတစ်ယောက် ကျော့်ဘေးနားလာပီး
ညေး လုပ်လိုက်အုန်းလေ
ဗျာ
လုပ်လိုက်ပါကွာ
အန်
ထိုစဉ်
အဖေက
အေး ငုံမသားတေ မင်းတို့ တကယ်လုပ်မယ့်ကောင်တေ လာနေပီ ဟ
ဘာကားလဲ သေချာကြည့်အုန်း
ဟင် ရဲကားကြီး ဆောရီးပါ
းဆောရီးလား ငုံမသားတေ မုန့်ဖတ်ထုပ်ပဲမြင်တယ်
ထို့နောက် အကုန်လုံးကို လက်ကောနှုတ်ကော နဲနဲ တန်းစီဆုံးမနေစဉ်
ကား၅ စီး တားထားတာကို မောင်းဖြတ်ပြေးသွားသည်။
သား ဟျောင် အာ့ကားတေ မှီအောင်လိုက်ကွာ
ထို့နှင့်
စဥ့်အင် တံတားကျော်ပီးသော် ၅ စီးလုံးကျော်ပီးသောအခါ
သား ကားကို ကန့်လန့်ဖြတ်ရပ်လိုက်
ဟင် ရပ်တာက ဟုတ်တယ် သားနဲ့အဖေ နှစ်ယောက်ထဲ
ရပ်လိုက်စမ်းပါ
ဟုတ်
ဟျောင်ငါ့သေနတ်မပါလာဘူး အိမ်မှာ မေ့ကျန်ခဲ့ပီ
တေပီလေ
မထူးပါဘူး ဟန်ကိုယ့်ဖို့ မီးစင်ကြည့်ကရမှာပေါ့။
၅စီးပေါ်မှ လူကြီး၈ယောက်လောက်ဆင်းလာကြသည်။
ကျော်က အဖေ့နောက်မှ ခပ်တည်တည်ရပ်ကာ ဂျာကင်ထဲကို ညာဘက်လက် ထည့်ထားလိုက်သည်။
မင်းတို့ကောင်တေ တားတာမရပ်ဘဲ ဘာလို့မောင်းပြေးတာလဲ
ယူနီဖောင်းမပါပေမယ့် ရဲကားမီးတန်းကြီးက ပြူးနေတော့
ကျော့်ကိုလည်း လှမ်းရှိုးတယ်လေ
ခြေနေမကောင်းရင်တော့ အရင်ပြေးပီး နောက်မှ အဖေ့ကိုလာကယ်မယ်လို့ စဉ်းစားထားတယ် ဟီး
မင်းတို့ ကို ဒုတ်ခရောက်မှာ စိုးလို့ကွ သူပုန်တေ ဖြတ်နေတာကွ ဆိုတော့မှ
တောင်းပန်ပီးတော့
ဘာတေ တင်လာတာလဲ
စပယ်ရာ တျောက်က ဖော့ပုံးကြီး တစ်ပုံး ယူလာကာ
ကျေးဇူးတင်လို့ လက်ခံပေးပါတဲ့ ဂဏန်းပျော့တေပါတဲ့
စိတ်ဝင်စားသွားတယ် ဟီးဟီး
အဖေက အေး ငါ့ကားနောက်က လိုက်ခဲ့တဲ့ အနရယ်ကင်းအောင် တဲ့
အေးတာပဲလေ
လောက်ကိုင် ဆော်ပီး သကာလ
ဘာရယ်မဟုတ် ရောက်ရှိသွားသည်။
ခြေနေအရ ပစ်စတို တစ်လက်ပေးထားသည်။
ခပ်တည်တည် ကောက်ထည့်ထားလိုက်သည်
တခါမှ မမြင် မကြုံဘူးသော ဖြစ်ရပ်ကြုံရလေသည်။
ဦးဖုန်ကြားရှင် အိမ်တော် ရောက်ရှိ
အဖေ့ PA က ဟျောင်သက်ပိုင် မင်းအားသန်ရင် ငါနဲ့လောင်းမလား
ဘာကိုလဲ
အိမ်ရှေ့မျက်နှာစာ က ပေ၁၅ပေ လောက်အပြည့်ကာထားတဲ့မှန် သွားကြည့်
အထူကို ကြည့်တော့ လက်သန်းလောက်တောင်မထူဘူး။
ဘာဖြစ်လို့လဲ
ဟိုမှာ ပေါက်ဆိန် ရှိတယ် မင်းအားရှိသလောက်ခွဲကြည့်
ကွဲရင် ၁သိန်းပေးမယ်
မကွဲရင် ၁သောင်းပဲပြန်ပေး
ဆိုတော့
ကွဲသွားရင် တာဝမနိယူဘူးနော် ဆိုပီး
အားရှိသလောက် မှန်ကြီးအားပေါက်ဆိန်ဖြင့်ချသော်
ဒူ
အာလားလား လက်တေပါတုန်သွားတယ်
စိတ်တိုတိုနက် အချက်၂၀လောက်ထပ်ထုတယ်
တုတ်တုတ်တောင်မလှူပ်ဘူး
ရှုံးပီလေ တစ်သောင်း
အိမ်ထဲဝင်စစ်ကြည်ရာ ဗီဒို ၁၅လုံးတန်းစီထားသော အိမ်ခန်း အတွင်း ၇လုံးမြောက် ထဲမှ အတနိးလေးလှည့်လိုက်ရာ
တရုတ်သိုင်းကားထဲကလို လျို့ဝှက်ခန်းဗျာ လှိုင်ဂူလိုလိုဘာလိုလိုနက် အထဲ ထဲမှာတော့ ဘာမှ မရှိတော့ဘူး
တပ်က ထိန်းသိမ်းထားပီ(မသွားပီ)
မထူးဘူး ပန်းအိုးလေးတေနက် ခွေး၃ကောင် ပြန်မခဲ့တယ်။
မေ့မရတဲ့ အဖြစ်ပျက်လေးတေ ပြောပြတာပါ။
စိတ်ဝင်စားဖို့တော့ ကောင်းတယ်ဗျာ။