မှောင်ခို လုပ်ငန်း ဆိုတာကတော့ အစိုးရ ရဲ့ ခွင့်ပြုချက် မရတဲ့ လုပ်ငန်း တွေ
ထဲက တစ်ခုဆိုပါတော့။ သူသိပ်ပီး လုပ်ချင်လှတယ်တော့မဟုတ်ပေမယ့် မလုပ်
လို့လဲ မဖြစ်ပြန်တော့ ကျီးလန့်စာစား လုပ်ရတယ်။ သူက သံပစ္စည်း တွေ
ဘိလပ်မြေ အစရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း တွေကို မန္တလေး
ကနေ တစ်ဆင့် မြစ်ကြီးနား ထိ ရထားနဲ့ တင်ပို့ မြစ်ကြီးနားကျ မှာထား တဲ့
သူတွေကို ပို့ပေးရပါတယ်။ စလုပ်စ ကတော့ အကျိုးမြတ်က နည်းတယ် ကိုယ်
ပိုင်မဟုတ်တော့လဲ သူများပေး သလောက်ယူရတာပေါ့။ သူ့စိတ်မှာ မခံချင်စိတ်
တစ်ခုထပ် တိုးသွားတယ်။တနေ့မှာ ငါဆိုင်ပိုင်ရှင်ဖြစ် ရမယ်ဆိုပီး စိတ်ထဲမှာ
မှတ်သားထားလိုက်ပါတော့တယ်။
ဒီလိုနဲ့ လုပ်ရင်းကိုင်ရင်း ရတာလေးတွေကို စုဆောင်းသင့်တာ စုဆောင်း အပို
သုံးနည်းနိုင်သမျှ နည်း အောင် စနစ်တကျစီမံခန့် ခွဲတယ်။ နောက်တော့ကျောင်း
ပြန်တက်နိုင်လာခဲ့တယ်။ ကျောင်းတက်နေတော့လဲ အလုပ်ကတော့မနား ခဲ့
ဘူး သူ့အိမ်က မီးရထား ဘူတာနဲ့နီးတော့ တောက်တို မယ်ရလေးတွေ လုပ်
ရင်း ဝင်ငွေ အနည်းငယ်ရှိခဲ့တယ်။မိသားစု စားရေးသောက်ရေး အဆင်ပြေယုံ
ဆိုပေမဲ့ သူရည် ရွယ်ချက်ကတော့လျော့ခဲ့ဘူး။နောက်ပိုင်း အကြွေးတွေလဲကျေ
လက်ထဲစုမိဆောင်းမိဖြစ်တဲ့ချိန် ကျောင်းပိတ် ရက်တွေဆို မန္တလေးကိုဆင်း
ကုန်တွေ ရသမျှသယ် မြစ်ကြီးနားပြန်တက် ရောင်း ကိုယ်ပိုင်ငွေ နဲ့ မို့ အမြတ်
စွန်းများလာတော့ သူပိုအားရှိလာတယ်။ဒါပေမယ့် လည်း မိသားစုက များလေ တော့ လွယ်လွယ်နဲ့ခရီးတော့မပေါက်သေးဘူးပေါ့။
ဒါပေမဲ့စားဝတ်နေရေးလေး ပြေလည်လာတော့ ကျောင်းစာကို သူအာရုံစိုက်လာ
နိုင်တယ် ။ ဒီနေရာမှာ တစ်ခုပြောချင်တာ ကြိုးစားသူတိုင်းအတွက်က ဆုတ်
ယုတ်မှုမရှိဘူးဆိုတာကိုပါ။ အကြွေးတွေနဲ့ မိခင်ကလည်း ဘာမှမလုပ်တတ်
မကိုင်တတ် မောင်မောင် ဆိုတဲ့ကောင်လေးဟာ အဲ့ချိန်တုန်းကသာ ပေါ့ပေါ့
နေပေါ့ပေါ့စား ဆိုရင် ခုလိုအခြေနေ ဖြစ်လာမှာ တောင်မဟုတ်ခဲ့ဘူး။ သူတစ်နှစ်တစ်တန်း အောင်မြင်ခဲ့ပီး ၁၀ တန်းဖြေတဲ့ ချိန် ရောက်တော့လဲ
ကောင်းကောင်းမွန်မွန်တော့ မဟုတ်ခဲ့ဘူး။ကျူရှင်လဲ မသိဘူး စာလုပ်လိုက်
အလုပ်လုပ်လိုက်နဲ့ဘဲ စာမေးပွဲ ဖြေတဲ့နောက်ဆုံးနေ့ကျတော့ သူ့သူငယ်
ချင်းတွေက ဖြေပီးတာနဲ့ စားပွဲကို လက်သီးနဲ့ထိုးထိုးပီး စာမေးပွဲ ခန်း
အပြင်ကိုထွက်ကြတယ် သူကတော့ ဖြေပီးဒီတိုင်းလေးဘဲ ထွက်လာပီ
အလုပ်လုပ်ဖို့အိမ်ကိုဘဲ တန်းပြန်လာခဲ့ပါတော့တယ်။ ------ဆက်ရန်------