ဒီနေ့ နေလည် အလုပ်က ထမင်းစား နားတဲ့အချိန်မှာပေါ့
အလုပ် အတူတူ လုပ် တဲ့အသိတစ်ယောက်က ကျွန်တော့်
ထမင်းပန်ကန်ထဲ ကို ဦးချ တဲ့ အနေနဲ့ ငါးဖယ် တစ်တုံးလာ
ထည့်ပါလေရော။ ကိုယ်သားသတ်လွတ်စားနေတာ ကိုသူ
မသိလို့ဖြစ်သွားတာပါ စိတ်ထဲတော့ဘယ်လိုမှ မနေပါဘူး။
ဒါပေမဲ့ တစ်ခုကြားဖြတ်ပြောရဦးမယ် သူက ဦးချနေလို့ ကျွန်
တော်ကသူ့ထက်ကြီး လို့မဟုတ်ပါဘူး။ ပညာ အရာ ဖြတ်ထိုး
ညာဏ် နေရာမှာ သူ့ထက်သာလွန် လို့လေးစား သမှု့ နဲ့ ဦးချတာ
ပါ မြန်မာတွေကြား မှာ အဆိုးဆုံးပြဿနာ ကြီး တစ်ခုပါဘဲ။
အဆိုးဆုံးလို့ ဘာလို့သုံးရသလဲဆိုရင် အရင်ကတော့ ကိုယ့်
ထက်အသက်ကြီးသူ ကို ကိုယ်စားမည့် အထဲက ဦးဦးဖျားဖျား
အစားအစာ ကို ကိုယ် မစားခင် လေးစားသမှု့ နဲ့ ဦးချကျွေးတယ်
ဆိုတာကိုလက်ခံခဲ့ဖူးပါတယ်။ ယခုတော့အဲ့သလိုစိတ်မရှိတော့
ပါဘူး။ ကျွန်တော်က ဗုဒ္ဓ ဘာသာ ဝင် မြန်မာလူ မျိုး တစ်
ယောက် လဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မျက်လုံး နဲ့
စေတသိတ် ဆိုတဲ့ အသိစိတ်မှာရှိနေတာက လူအား လုံး ဟာ
အတူတူဘဲ ဆိုတာပါဘဲ ။ ဒီလိုအမြင်ကြောင့် ကျွန်တော့်မှာ
ဘာသာခြား အပေါင်း အသင်း မိတ် ဆွေ တစ်ချို့လဲ ရှိပါတယ်။
တခြားသောဘာသာတွေလဲ ဦးချခြင်း နဲ့ ပါတ်သတ်တဲ့ ကိစ္စ လေး
တစ်ချို့ကိုမြင်ရပေမယ့် ကိုယ့်လူမျိုး နဲ့ဆိုင်တာဘဲ ဦးစားပေး
ပြောချင်တာပါ။ ခုကိုယ်သားသတ်လွတ်စားမှ ဒီအမြင်ပေါ်လာတာ မဟုတ်ပါဘူး။အရင်းထဲကကျွန်တော်ကအသား ဟင်းဆို
မစားချင်ခဲ့တဲ့သူပါ ဒါပေမယ့် ခုဏလိုဦးချခံရတာမျိုးဘဲ ဖြစ်ဖြစ်
တစ်ဖက်လူကသိပ်စားစေချင်လွန်းတာဘဲဖြစ်ဖြစ်စားခဲ့ဖူးပါ
တယ် ။တစ်ခါကပေါ့ မွတ်စလင် ဘာသာဝင် သူငယ်ချင်းတစ်
ယောက်အိမ်အလည်သွားပါတယ် အမဲသားဆိုတာ တစ်ခြား
လူတွေကပြောကြတယ် ဗမာလူမျိုး အများစုပါ ကျေးဇူးရှင်
အသားမို့မစားဘူးဘာဘူးပေါ့။ ကျွန်တော်ကကျတော့မစား
ချင်လို့ကို မစားတာ မစားချင်တာပါ မစားဖူးဘူးလားဆိုတော့
စားဖူးပါတယ် သိတတ်တဲ့အရွယ်ကတဲကရှောင်တာပါ။ဒါမယ့်
အဲ့မွတ်စလင် သူငယ်ချင်းက ထမင်းကျွေးတော့ ကျွန်တော့်ကို
အလေးထားပီး သူတို့ အိမ်ကအကောင်းဆုံး ဟင်းလျှာကို ဦးဦး
ဖျားဖျား စားစေချင်လို့ အမဲကြော် ဆီနဲ့ သေသေချာချာ ထမင်း
ကိုနယ်ပေးတယ် အမဲသားတုံးတေပါဇွတ်ထည့်ပေး။ ငြင်းလို့ကို
မရပါဘူး အဲ့တုန်းကတော့ ကျွန်တော်စား လိုက်ပါတယ်။သူမသိ
လို့ကျွေးတာလေ နောက်နေ့ကျမှ ပြောပြလိုက်တယ်။သူအရမ်း
ကိုအားတွေနာပီး တောင်းပန်တယ် တကယ်ကတောင်းပန်းစေ
ချင်လို့မဟုတ်ပါဘူး သူ့စေတနာကိုလက်ခံလို့ကို စားခဲ့တာပါ
ဆိုတာကိုပြန်ရှင်းပြတော့ နောက်မဖြစ်စေရဘူး ဆိုပီး ကတိပေး
ပါတယ် အဲ့နောက်ခုထက်ထိပါဘဲ ကျွန်တော် သူတို့အိမ်မှာ
ထမင်းစားဖြစ်တဲ့နေ့ဆို အမဲသား ကိုလုံး ဝကိုချမပေးတော့ပါဘူး
ကုလား လူမျိုး မွတ်စလင်ဘာသာဝင် တစ်ယောက်ပါ။ပြောချင်
တာကလူတစ်ယောက်ကို လေးစားကြရင် ဗမာတွေနဲ့မတူတာပါ
ကျွန်တော် တို့ဗမာလူမျိုး တွေဆို ကျွန်တော်ခဏခဏ ပြောပါတယ် ခုဏလူလိုပါဘဲ မေ့နေလို့လဲ ဖြစ်မှာပါ သိတဲ့သူတေကတော့ အရွက်ဘဲ ဦးချကြတာပါသူတို့လဲ မေ့ရင် မေ့သလို
မေ့တာများပါတယ်ဗျာ သတိလေးထားဆင်ခြင်စေချင်တာဗျ။
နောက်မှဆက်ရေးမယ်ဗျာ အိပ်ချင်ပီ😁😁😁
Thanksgiving
@mgthitsar