This content got low rating by people.

ပြည်ဖုံးကားချတဲ့နေ့

mgnyo580(16)
Published in
#busy
Words
48
Reading
1 min
Listen
Play
8y

IMG_20180623_155827.jpg
မနိုင်တဲ့ ဇာတ်ကို

အဆုံးထိကဖို့

မဖြစ်နိုင်တဲ့နောက်

ရင်ခုန်သံတွေကို

ခေါစာပစ်လိုက်တယ် …

ဆွဲထားတဲ့ကြိုးတွေ

ပြတ်တဲ့တစ်နေ့

အဲဒီနေ့မှာ …

ငါ နင့်ကိုမေ့မယ် …

အနားရှိနေပေမယ့်

အဝေးရောက်နေတဲ့ နင့်ကို

အဝေးကနေပဲ

ချစ်နေတာ အကောင်းဆုံး

ဖြစ်မယ် ထင်ပါရဲ့ …

ငါပျိုးတဲ့ အလွမ်းတစ်ခင်း

ပန်းတွေပွင့်တဲ့ အခါ

ချစ်ဖူးခဲ့ပါလား … လို့

တွေးမိခဲ့ရင် …

ထုံပေပေဖြစ်နေတဲ့ နှလုံးသားက

တစ်ချက်တော့ ဆတ်ဆတ်လေးခုန်ပေးမလားပဲ …

နင်ဂုဏ်ယူလိုက်ပါ …

ငါ့နှလုံးသားရဲ့ နောက်ဆုံးမင်းဆက်ဟာနင် …

ဒါပေမယ့်လေ …

အဲဒီနှလုံးသားသေဆုံးခဲ့တာ

နင့်လက်ပေါ်မှာတင် …
mgnyo580@mgnyo580

ပြည်ဖုံးကားချတဲ့နေ့ | Ecency