This content got low rating by people.

လွမ်းတဲ့ဆောင်းရာသီ

mgnyo580(16)
Published in
#busy
Words
37
Reading
1 min
Listen
Play
8y

hqdefault.jpg

ဥသြသံကြားလိုက်တာနဲ့
နွေဆိုတာ ရောက်ပြီ တွေးမိတာကိုက
ပထမ အလွဲ။

ဒီအေးစက်စက် ဆောင်းက
သိပ်ရှည်လျားပါတယ်။

လမ်းမတွေမှာ
လက်ပိုက်လမ်းလျှောက်နေကြတာ
ရိုရိုကျိုးကျိုးတော့ မဟုတ်
အေးလေ
တနည်းအားဖြင့်တော့လည်း မှန်မလားပဲ
သူတို့တွေ အရိုးစိမ့်တဲ့ ဆောင်းလေကို
ရိုကျိုးနေတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။

နေရောင်အောက်မှာ ချမ်းတုန်နေရတာက
ကိုယ့်မျက်စိအောက်က လူတယောက်ကို လွမ်းရတာမျိုးလိုပဲ
တခုခု လစ်ဟာနေတယ်။

ကွယ် . .
နွေဦးရယ် ငါလွမ်းနေလို့
ဥသြသံကို နားဆာနေတယ်။
author:mgnyo@mgnyo
photo:google

လွမ်းတဲ့ဆောင်းရာသီ | Ecency