https://www.freeimages.com/photo/moon-1158211
အိမ်အပြင်မှာ တိတ်ဆိတ်လို့နေတယ်
ကောင်းကင်ကိုမော့ကြည့်လိုက်တော့
ညရဲ့ကောင်းကင်ယံထက် မှိတ်တုတ် မှိတ်တုတ်နဲ့
ကြယ်ကလေးတွေဟာ စုံလင်စွာလှပတင့်တယ်လို့ပေါ့
ဲလမင်းကြီးရဲ့ အလင်ရောင်ဟာလည်း
ဒီကမ္ဘာမြေကို ဖြန့်ကျလို့ပါပဲ
ဲအဲ့ဒီလိုညမျိုးကို တမ်းတခဲ့မိတာ ကြာလွန်းခဲ့ပါပြီ
ဒါပေမယ့်လည်း ငါ့ရင်ခွင်မှာတော့
ဒဏ်ရာတွေအပြည့်နဲ့ ဝေးကွာခဲ့ကြရတယ်
အချစ်မှာ ရင်ကွဲခံစားခဲ့တယ် အဖြစ်ကဆိုးရွားလွန်းလိုက်တာ
အိမ်မက်ထဲကိုတောင် မက်ခွင့်မရှိ နိတ္ထိ
လသာသောည လေညှင်းလေးတွေက တိုက်ခက်လို့
ညမှ မွှေးသောပန်းတွေကလည်း တဖျန်းဖျန်းနဲ့ပေါ့
လွမ်းမိတဲ့စိတ်တွေကြောင့် အထီးကျန်လွန်းတဲ့ညမှာ
တိတ်တိတ်ကလေး မျက်ရည်ကျမိခဲ့တယ်။