မိမိနဲ့ မိမိ၏စိတ်ကို နာကျင်အောင်လုပ်တာ အနိင်ယူဗိုလ်ကျတာ ဝေဖန်ပြီးကဲ့ရဲ့
တက်တာ အနှောင့်အယှတ်ပေးတာ အစရှိတာတွေကို ပြုမှုနေသောလူတန်းစား
များနဲ့ အကင်းရှင်းဆုံနေထိုင်တာဟာ မိမိနဲ့မိမိရဲ့စိတ်အတွက် အကောင်းဆုံး
ဖြစ်ဖြစ်ပါတယ်။
မတတ်သာလို့ ပတ်သက်ဆက်ဆံရရင်တောင် အခြေအနေအရ ဆက်ဆံတာမျိုးပဲ
ကောင်းပါတယ်။
အဲ့ဒါက မိမိအတွက် စိတ်အနှောင့်အယှတ် အနည်းဆုံးဖြစ်စေမှာပါ။
ကိုယ့်ကို အေနှာင့်အယှတ်ပေးနေတာသိရက်နဲ့ ပတ်သက်မိနေတယ်ဆိုရင်လည်
မိမိစိတ်ကို မိမိကပဲနှိပ်စက်နေတာဖြစ်နေပါပြီ။
နှစ်သိမ့်တယ်ဆိုတာက အခြားသူက ကိုယ့်ကိုနှစ်သိမ့်တာထက်စာရင် ကိုယ့်စိတ်
ထဲကို ကိုယ့်ဟာကိုယ်ဖြေသိမ့်တတ်တာက ပိုထိရောက်ပါတယ်။
ကိုယ့်စိတ်ထဲ နာကျင်နေတာကို ကိုယ်တိုင်ကမဖြေနိုင်ဘူးဆိုရင် ဘေး
ပတ်ဝန်းကျင်ကဘယ်သူကဘယ်လောက်နှစ့်သိမ့်ပါစေအလကားပါပဲ။
အဲ့ဒါကြောင့် ကိုယ်အားသာတဲ့အချက်လေးတွေ ကိုယ်ကံကောင်းနေတာလေး
တွေ ကိုယ်လုပ်နိုင်ခဲ့တာလေးတွေ ထည့်တွေးပြီး ကိုယ့်စိတ်ကိုဖြေသိမ့်ပါ။