https://www.freeimages.com/photo/worried-man-against-white-free-photos-1430353
စိတ်ခံစားချက်တွေများနေမယ် နာကျင်စရာတွေဖြစ်နေမယ် စိတ်ညစ်စရာများဟာ ပြည့်ကြပ်နေမယ်ဆိုရင် ကိုယ့်အတွက်အဓိကကျတဲ့ ကျန်မားရေးကိစ္စတွေကို ဂရုမပြုနိုင်တော့ပါဘူး။
ဒီလိုအချိန်မှာ ကိုယ့်ကိုကိုယ်ပိုပြီး အထူးဂရုတစိုက်ှိနေသင့်ပါတယ်။
ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့်အရာတွေ ပိုပြီး ဖိစီးစေမယ့်အရာတွေကို ရှောင်လိုက်ပါ။
ကိုယ့်စိတ်တည်ငြိမ်စေမယ့်အရာတွေ ယောဂ ကျင့်ခြင်း တရားထိုင်ခြင်း စာဖတ်ခြင်း သီချင်းနားထောင်ခြင်း ရုပ်ရှင်ကြည့်ခြင်း အပင်စိုက်ခြင်း စတဲ့အရာတွေအပြင် ကိုယ်ဝါသနာပါရာလေးတွေကိုလုပ်ေနသင့်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းက အခြားအာရုံတွေကို မေ့စေပါတယ်။
ကိုယ့်ကျန်းမာရေးလည်း ကောင်းစေပါတယ်။
ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုကို အချိန်သတ်မှတ်ထားပြီး လုပ်သင့်ပါတယ်။ ကိုယ့်အာရုံတွေက အာရုံစိုက်စရာမရှိရင် အဆိုးတွေအပေါ်သာ အာရုံရောက်နေတတ်ပါတယ်။
ထို့ကြောင့် ကိုယ့်ရဲ့စိတ်တွေဟာ အခြားမကောင်းသည့်အရာတွေဘက်သို့ ရောက်လို့မသွားအောင် စိတ်တည်ငြိမ်နေမှုရှိနေအောင် အမြဲမပျက် အချိန်တိုင်းမှာ ကောင်းတဲ့အရာလေးတွေကို တစ်ခုမဟုတ်တစ်ခုခုကို လုပ်နေသင့်ပါတယ်။