https://pixabay.com/illustrations/father-s-day-balloon-heart-balloon-5309577/
ငါ့ရဲ့ခြေလှမ်းတွေကို လှမ်းလျှောက်လိုက်တိုင်းမှာ အထီးကျန်ခြင်းတွေဟာ
ငါ့ရဲ့နောက်ကို ကောက်ကောက်ပါအောင်လိုက်ပါလို့နေတယ်။
သစ်ရွက်ကလေးတွေဟာ ခြောက်သွားလို့ ကြွေရှာခဲ့ရင်တောင်
နားခိုနိုင်စရာ မဟာပထဝီမြေကြီးတစ်ခုလုံးရှိနေသေးပါတယ်။
ဝေဒနါများစွာနဲ့ ခုနှစ်သက္ကရာဇ်တွေကြားမှာ
ငါ့ဘဝက ဖြေနိုင်စရာ ရင်ခွင်ကမဲ့လို့နေတယ်။
အော်... လောကဓံရဲ့ ထိုးချက်တွေထဲ
ကံကြမ္မာက ဘာကြောင့်များ ဇွတ်ပစ်ပစ်ချခဲ့ရတာလဲကွာ။
အဲ့မှာပဲ ငါ့ဘဝလေးက အကြိမ်ကြိမ်အခါခါ ကွဲကြေသွားခဲ့ရတယ်။
ကြေကွဲနေတဲ့ ဝေဒနါအသဲကို ဘယ်သူအများ
အကြင်နာလက်တစ်စုံနဲ့ လာဆပ်ပေးပါ့မလဲနော်။
လွမ်းဆွေးနေတဲ့ငါ့ကို ဘယ်သူ့ အနမ်းတစ်ချပ်နဲ့
ဖြေသိမ့်ပေးလာမလဲ ဒိဟစိတ်တွေနဲ့ပေါ့။