https://www.freeimages.com/photo/love-1574197
သူ့ရဲ့ မျက်ဝန်းနက်ကလေးတွေက
အကြောင်းပြချက်မရှိပဲ အပြုံးကို ဆောင်နေတာ
ကိုယ့်ရင်ကို အေးမြလန်းဆန်းစေပါတယ်။
မုန်းစေတက်တဲ့စိတ်တွေက သူ့ရဲ့အလှကြောင့်ပဲ
ကိုယ့်နှလုံးသားကို လန်းဆန်းစေခဲ့တယ်။
သူ့ရဲ့ ပြုံးရောင်သန်းနေတဲ့ နှုတ်ခမ်းလွှာက
ကိုယ့်အိမ်မက်ထဲထိ ကြည်နှုးစေခဲ့တယ်
သူ့နဲ့ အနီးဆုံးကိုရောက်သွားတဲ့ အချိန်တွေမှာ
သူ့ရဲ့ အလှတရားဟာ ကိုယ့်ကိုဆွံအသွားခဲ့တယ်။
အကြောင်းပြချက်မရှိသော နှလုံးသား ရင်ခုန်သံများက
အကြောင်းမရှိပဲ ဖြူဖြုစင်စင် ချစ်ခက်မြတ်နိုး တွယ်တာမိပါတယ်