အဓိက

Words
44
Reading
1 min
Listen
Play
8y

အလွမ်းဒဏ်ခံနိုင်ဖို့ထက်......
ပင်ပန်းဒဏ်ခံနိုင်ဖို့က အဓိက

အချစ်ဆိုတာထက် ....
အပြစ်တွေ မလုပ်မိဖို့က အဓိက

ချမ်းသာဖို့ ဆိုတာထက် ....
ဝမ်းမဟရဖို့က အဓိက

မာယာများဖို့ ဆိုတာထက်....
ပျာယာမခတ်မိဖို့က အဓိက

ယှဉ်ပြိုင်ဖို့ ဆိုတာထက်....
သောက မဖြစ်အောင် နေဖို့က အဓိက

အနိုင်ရဖို့ ထက်.....
မရှုံးနှိမ့်မိဖို့က အဓိက

အောင်မြင်ဖို့ထက် ...
မကျရှုံးမိဖို့က အဓိက

စိန် ရွှေ ငွေ ရဖို့ထက်.......
အပေ အတေ မနေမိဖို့က အဓိက

ဘ၀ မြင့်ဖို့ ဆိုတာထက်....
ဘ၀င်မမြှင့်ဖို့က အဓိက

image

အဓိက | Ecency