ကွမ်းစားခြင်း၏ဆိုးကျိုးများ

mghan(44)
Published in
#esteem
Words
206
Reading
1 min
9y
Listen to this post
~1 min

image
ဒီဆောင်ပုဒ်လေးကတော့ ကွမ်းစားတဲ့သူတွေအတွက် ရည်ရွယ်ခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ လူဦးရေးလ100% မှာ 80% လောက် ကွမ်းစားကြတယ်။ ကွမ်းစားခြင်းကြောင့်ဖြစ်တဲ့ရောဂါတွေက ကင်ဆာ၊ ဆီးကျောက်တည်ခြင်း ဖြစ်တက်ပါတယ်။ ကွမ်းယာ တစ်ယာဖြစ်ဖို့ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ဆေးနဲ့ အခြားအမွေးအကြိုင်တွေပါ ပါတယ်။
image image
ကွမ်းသီးသည် ဖန်သော အရသာရှိသည်။ ၎င်းတွင်ပါသော ဓာတုပစ္စည်း များစွာထဲမှ အေရိုကိုလင်း၊ ဖလေဗီနွိုက်ဒ်စ် တို့သည် ကင်ဆာရောဂါဖြစ်စေသော ဒြပ်စင်များ၏ အာနိသင်ကို အထောက်အကူပြုသည်ဟု သိရသည်။
image
ထုံးသည် ဒြပ်စင်အနေဖြင့် သွားနှင့် အရိုးများ တည်ဆောက်မှုတွင် အရေးပါသော်လည်း သတ္တုဒြပ်ပေါင်းအနေဖြင့် ထိတွေ့နေသော သွားဖုံး၊ ပါး၊ အာခေါင်၊ လျှာ စသည်တို့၏ အပေါ်ယံလွှာများကို ပျက်စီးလွယ်စေ၏။
image
အန္တရာယ်အပေးနိုင်ဆုံး မှာ ဆေးရွက်ကြီးဖြစ် ပါသည်။ ဆေးရွက်ကြီးမှာ နီကိုတင်းနှင့် အယ် ကလွိုက် အပါအ၀င် အခြားအမျိုးပေါင်းများစွာသော ဘေးဖြစ်စေသည့် ပစ္စည်းများ ပါဝင်ပါသည်။ ဆေးရွက်ကြီးတွင် အဓိကပါဝင်သော နီကိုတင်းသည် တံတွေးနှင့်ပေါင်းပြီး ကင်ဆာဖြစ်စေသည့် ပစ္စည်းအဖြစ် ပြောင်းလဲနိုင်ပါ သည်။ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာမျိုလမ်းကြောင်း ကင်ဆာနှင့် အစာအိမ်ကင်ဆာတို့ကို ဖြစ်ေ စနိုင်ပါသည်။
image
အခြား အမွှေးအကြိုင်တွေဟာ India နိုင်ငံကနေ ထုတ်လုပ်တဲ့ ဆေးတွေကြောင့်လို့ ကျွန်တော်သိထားပါတယ်။ India နိုင်ငံကနေ ကွမ်းစားဆေး ဆိုတဲ့ 45/92/100/162/Queen/SarGa စသဖြင့် ဆေးတွေက ဖြစ်လာတဲ့ ဆိုးကြိုးတွေက အရမ်းကို ကြောက်ဖို့ကောင်းပါတယ်။ ရိုးရာအရ ကွမ်းစားခြင်းကနေ အလွန်အကျွံ ဖြစ်လာတဲ့ အခါမှာ ဒီလို အရာတွေနဲ့ ကြုံတွေ့ရတက်ပါတယ်။ မြန်မာ့ဆေးရွက်ကြီးဟာလည်း ကင်ဆာကို ဖြသ်စေတက်ပါတယ်။ ကွမ်းစားပြီ ဆိုကတည်းက ကျန်းမရေးအတွက် ကောင်းကြိုး တစ်ခုမှကို မရှိတော့ပါဘူး။ ဒီလို ဆိုကြိုးတွေဟာ india နိုင်ငံကနေ ထုတ်လုပ်သော ဆေးတွေကြောင့် ကွမ်းစွဲသွားရတာပါ။ မြန်မာ့လူငယ်တွေဟာ ဆေးရွက်ကြီးနဲ့ ကွမ်း စပြီးစားတဲ့သူ မရှိသလောက်ရှားပါတယ်။ ရှေ့ဆက်ပြီးတော့ ကွမ်းစားနေတဲ့သူငယ်ချင်းများကို လည်း အသိပေးအပ်ပါတယ်။ ကွမ်းဖြတ်လို့ မရဘူး ဆိုပေမယ့် ၂ယာစားတဲ့ နေရာမှာ ၁ယာလောက်လျော့စားစေချင်ပါတယ်။ ကွမ်းရဲ့ အရသာကို ဖော်ဆောင်ကြည့်ရင် မရှိပါဘူး။ အရေ မရ အဖတ်မရ ဆိုလည်း မမှားပါဘူး။ အရမ်းကြောက်စရာကောင်းတာဟာ ဒီဆေးတွေက ကျုပ်တို့ မြန်မာပြည်သူလူသားတွေဆီကနေ ဦးနှောက် ကို မသိမသာလေး ဖောက်စားနေတာပါ။ ရှေ့ဆက်စားကြည့် လို့ အသက် 70 နေရမည့်နေရာမှာ 50 လောက်နဲ့ ဆုံးရှုံးရမယ်။ ဘယ်သူပြောမလဲ ကွမ်းစားတာ အရမ်း ကောင်းတယ်လို့။ ကျွန်တော်ကတော့ မပြောရဲဘူး။ အရမ်းအတန္တယ်များလွန်းလို့ပါ။ မနေတက် မထိုင်တက် ဖြစ်တာက အသက်မသေဘူး။ အစားအသောက် မတက်ဘူး ဆိုရင် သေတက်တယ်။ အများရီးဆက်မပြောပါဘူး။သင်သိစေယုံလောက်ပါ။ ကွမ်းစားခြင်းဟာ ကောင်းလား ဆိုးလား ဆိုတဲ့ အဖြေကို ကွမ်းစားတဲ့သူကို မမေးပါနဲ့ သူတို့ တောင် ကွမ်းဖြတ်ချင်နေကြတယ်။ ဒါပေမဲ့သူတို့ မဖြတ်နိုင်ဘူး။ စွဲစေတဲ့ ကဖိန်းဓာတ်တွေ ထုံထိုင်းတာတွေ ပါတဲ့ အတွက် ကွမ်းစားတဲ့သူကို မေးရင် အဖြေမထွက်ပါဘူး။
Photo credit from Facebook
RSM-1
author- mghan@mghan
Facebook-https://www.facebook.com/mg.han.1804
[email protected]

ကွမ်းစားခြင်း၏ဆိုးကျိုးများ | Ecency