ကရုဏာ ရသ

mghan(44)
Published in
#esteem
Words
53
Reading
1 min
Listen
Play
8y

image

အို ငှက်ငယ်......
အတောင်ပျံ မစုံခင် အသိုက်ထဲက
တီတီတာတာ အသံတို့နဲ့
အစာတောင်းရှာတယ်
ပါးစပ်ကလေးနီနီရဲရဲနဲ့
အစာခွံ့တာ စောင့်နေရှာကာ
စားသောက်ကြတာ ကြည့်ရသူအတွက်
ကြည်နူးဖွယ်ရာ ဖြစ်ကာနေတယ်
အို ငှက်ငယ်......
တောင်ပျံ စုံတော့ အပျံသင်တယ် တဲ့ငှက်ငယ်
ဟိုခြုံဝင် ဒီခြုံတိုးနဲ့ ပျံသန်းနေတဲ့ ငှက်ငယ်လေး
ဘဝတစ်ကွေ့ တောင်ပျံဝေ့ကာ လေထဲမှာ
ဝဲဂယက် ထဲ ဝင်လို့ ထွက်ခါ မတက်
တဖျက်ဖျက်နင့် တောင်ပျံ ခက်သံ
ကြားလိုက်သည်က ရင်မှာ မဆုတ်မနစ်
ခံပြင်လှသည့် သနားစရာ ကရုဏာ
ကဗျာတစ်ပုဒ်တည်း......

MSU-31

Photo Credit From Google

Author- mghan@mghan

ကရုဏာ ရသ | Ecency