အလွမ်းရဲ့ မာယာ

mghan(44)
Published in
#esteem
Words
30
Reading
1 min
Listen
Play
8y

image
ငါပိုင်ဆိုင်တဲ့ အလွမ်းတွေကို ထုဆစ်ရင်း
ရာသီတွေ ထဲမှာ အချိန်တွေကိုမျှောချ
သောကလည်းတချို့ တဝက်ရောထည့်လို့
ငါ့ဝိညာဉ်က ပစ္စုပ္ပန်ကို ကျော်လွန်နေခဲ့ပြီ
အတွေးအရေးနဲ့ လွမ်းဆွေးနေလိုက်တာ
မနက်ဖြန်တွေ တဖြည်းဖြည်းကြွေဆင်းကုန်ပြီ
ဝေဒနာခရီးသည် တယောက်ရဲ့ သံသရာ
ရထားပေါ်ကရပ်တန့်ခြင်းမဲ့နေတဲ့
အလွမ်းတွေ....
ကမ်းခြေမှာ စုပုံထားလိုက်တယ်
မာယာရေ
နင်ယူဆောင်သွားပါတော့.........

Photo Credit From Google

MSU-31

အလွမ်းရဲ့ မာယာ | Ecency