သတ္တိရှိတဲ့ဘဝ

Words
89
Reading
1 min
Listen
Play
8y

image
သတ္တိရှိတဲ့ဘဝ
"မနက်ဖြန် ဘာဖြစ်လာမလဲ မသိတဲ့အတွက် ဒီနေ့မှာ အကောင်းဆုံး ရှင်သန်မယ်"
ဒါက သတ္တိရှိတဲ့သူတွေရဲ့အတွေး။

"မနက်ဖြန် ဘာဖြစ်လာအုံးမလဲ မသိဘူး။ စိတ်ညစ်ပါတယ်ကွာ"
ဒါက သတ္တိမရှိတဲ့သူတွေရဲ့အတွေး။

ပြဿနာတွေ၊ဒုက္ခတွေဟာ သတ္တိရှိသူအတွက် သင်ခန်းစာလှေကားထစ်တွေပဲ။
ဒါတွေကို နင်းဖြတ်ပြီး အမြင့်ကို တတ်ကြတယ်။

သတ္တိမရှိသူအတွက် ပြဿနာတွေ၊
ဒုက္ခတွေဟာ အတားအဆီးတွေပဲ။
ဖြတ်ကျော်ဖို့ မကြိုးစားပဲ ငုံ့တိုးဖို့၊
ရှောင်ကွင်းဖို့ပဲ ကြိုးစားကြရင်း အောက်ကို ရောက်သွားကြပါတယ်။

တစ်ကယ်တော့ ဘယ်လောင်ကြီးမားတဲ့ ပြဿနာတွေပဲဖြစ်ဖြစ် တစ်နေ့တာကိုတော့ အကောင်းဆုံး ဖြေရှင်းနိုင်ကြတာပါပဲ။

သတ္တိရှိသူရော၊သတ္တိမရှိသူပါ တစ်ချိန်မှာ သေဆုံးကြရမှာပါ။
သတ္တိရှိသူတွေက တစ်ခါပဲ သေပြီး သတ္တိမရှိသူတွေက အခါခါ သေဆုံးနေရတယ်။

ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ လှပအောင် ဖန်တီးမပေးနိုင်ပါဘူး။
ကိုယ်သာလျှင် ဘ၀ရဲ့ပဲ့ကိုင်ပါ။
image

သတ္တိရှိသူတွေမှာ မျှော်လင့်ချက် ရှိတယ်။မှီခိုစိတ်မရှိဘူး။
သတ္တိမရှိသူတွေမှာ မှီခိုစိတ်ပဲ ရှိတယ်။မျှော်လင့်ချက် မရှိဘူး။

အထီးကျန်တဲ့ဘ၀၊စိတ်ညစ်စရာကောင်းတဲ့ဘ၀၊ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေတဲ့ဘ၀။ဒါတွေကို သတ္တိရှိရှိနဲ့ အကောင်းဆုံး ပုံဖော်တတ်ရမယ်။
ဒါမှ ဘ၀ဟာ လူတွေရဲ့ကြားမှာ ခေါင်းမော့ ရှင်သန်နိုင်မှာပါ။

ပျော့ညံ့တဲ့စိတ်ဓာတ်နဲ့ အကောင်းဆုံးဘ၀တစ်ခု တည်ဆောက်လို့ မရပါဘူး။
သတ္တိရှိပြီး ခိုင်မာတဲ့စိတ်ဓာတ်နဲ့သာ လှပကောင်းမွန်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။

ပတ်ဝန်းကျင်မှာ မျက်နှာမငယ်ချင်၊အောက်မကျချင်ရင် သတ္တိရှိတဲ့ဘ၀တစ်ခုကို ကိုယ်ကိုယ်တိုင် ဖန်ဆင်းလိုက်ပါ။
Crd by maythusan@maythusan

သတ္တိရှိတဲ့ဘဝ | Ecency