အားတင်းထားပါ

Words
36
Reading
1 min
Listen
Play
8y

image
အားတင်းထားပါ


တခုခုကြောင့်
ဝမ်းနည်းလာမိရင်မငိုပါနဲ့တော့
ငိုယိုပြီးမျက်ရည်ကျရမဲ့
အရွယ်မဟုတ်တော့ဘူးဆိုတဲ့အသိစိတ်နဲ့ပဲ
ကိုယ့်ကိုယ်ကိုအားတင်းထားပါ 

အဆင်မပြေမူတွေကြုံတိုင်းလဲ
အားမငယ်ပါနဲ့တော့
ဒီနေ့အဆင်မပြေခဲ့ရင်တောင် 
နက်ဖြန်အဆင်ပြေစေရမယ်ဆိုတဲ့စိတ်ထားလေးနဲ့
ကိုယ့်ကိုယ်ကိုနှစ်သိမ့်ထားပါ 

အခက်ခဲတွေရင်ဆိုင်ရတိုင်းလဲ
စိတ်ဓာတ်မကျပါနဲ့တော့
ကိုယ်ကြိုးစားသမျ 
ကိုယ်လုပ်ခဲ့သမျအရာတွေအားလုံး
တစ်နေ့အောင်မြင်မှာပါဆိုတဲ့အတွေးအမြင်နဲ့
ကိုယ့်ကိုယ်ကိုဖြေသိမ့်လိုက်ပါ 

ဘဝဆိုတာ
ကိုယ်လိုချင်မိတိုင်းလဲ မပိုင်ဆိုင်ရတတ်သလို
ကိုယ်ကြိုးစားသမျတိုင်းလဲ
အမြဲဆုံးရှူံးနေရတာမဟုတ်ပါဘူး

ဒီနေ့ဟာ
မှောင်မိုက်တဲ့လဆုတ်ရက်ညဖြစ်ခဲ့ပေမဲ့လဲ
နက်ဖြန်နေ့ဟာ သင့်အတွက်
လင်းရောင်တောက်တဲ့လဆန်းရက်ညဖြစ်နေမှာပါ

လူဆိုတာ
မသေသရွေ့တော့ ဘာမဆိုရုန်းကန်လူပ်ရှားပြီး
ကြိုးစားပိုင်ခွင့်ရှိပါသေးတယ် 
Crd by @maythusan
အားတင်းထားပါ | Ecency