This content was muted by ASEAN HIVE COMMUNITY moderators for not following community guidelines.

ရာဝဏ၏ အောင်ပွဲ(အပိုင်း ၁)

Words
204
Reading
1 min
Listen
Play
5y

အဌမပဗ္ဗတ၏တောင်ထွတ်ပေါ် သို့ကျွန်ုပ်၏ ညာခြေကိုတင်လိုက်မိသည်နှင့် တောင်ခြေဆီမှ ပရိတ်သတ်၏ ကောင်းချီးသြဘာသံ သည် ကျွန်ုပ်ရ်နေရာ တောင်ဖျားဆီသို့ လွင့်ပျံ၍ တက်လာပေသည်။
''လူစွမ်းကောင်း ရာဝဏ''
''ဒြာဝိဒိယန်တို့ရဲ့ သူရဲ့ကောင်း''
''အိန္ဒုဒေသရဲ့ အသည်းနှလုံး''
တောင်ခြေမှ ပရိသတ်တို့သည် ဦးရစ်ခေါင်းပေါင်းများကို လေထဲတွင် မြှောက်ပစ်နေကြသည်။ မိုးသက်လေ၏ အရှိန်တွင် သူတို့၏ အဝတ်နီစများ သဲသဲလှုပ်နေသည်။ ကျွန်ုပ်ရောက် နေသော အဌမပဗ္ဗတ၏ တောင်ထိပ်၌မူ လေပြင်းတိုက်နေပေသည်။ ကျွနုပ်၏ ရေညှိရောင် ဝတ်ရုံစသည် တိမ်တိုက်စများနှင့်အတူ တဖျပ်ဖျပ် လှုပ်ခါနေသည်။
မောပန်းခြင်းသည် ကျွန်ုပ်၏ ရင်ဝတွင် အကြိတ်အခဲအဖြစ်စုတည်နေသည်ဟုထင်ရသည်။ အေးစိမ့်သော တောင်ပေါ်လေသည် ကျွန်ုပ်၏ နွမ်းနယ်မှုများကို မဖြေဖျောက် နိုင်ချေ။ နှင်းငွေ့များ စိုစွတ်နေသည့်ကြားမှ ကျွန်ုပ်၏နဖူးပြင်ထက်ဝယ် ချွေးသီးချွေးပေါက်ကြီးများ တွဲခိုနေကြသည်။ ကျွန်ပ်၏လက်အတွင်းမှ သံလျက်သည် သွေးများဖြင့် ချင်းချင်းနီနေသည်။
လွန်ခဲ့သော လေးမတြာခန့်ကမှကျွန်ပ်၏လက်ချက်ဖြင့် ဦးခေါင်ပြတ်ခဲ့ရသည့် မြွေဟောက်ကြီး၏ အမြီးပိုင်း သည်တဆတ်ဆတ်တုန်ခါနေသည်။ မြွေဟောက်ကြီး၏ခေါင်းပိုင်းကား မလှုပ်နိုင်တော့။
''တောင်နှစ်လုံးကျန်သေးတယ် ရာဝဏ''
''တောင်ဆယ်လုံးပြည့်ဖို့ နှစ်လုံးကျန်သေးတယ်ဟေ့''
''အောင်မြင်ခါနီးပြီ ရာဝဏရေ၊ ကြိုးစားလိုက်စမ်း''
တောင်ခြေမှ မယ်တော်ဂုနဝ္ဓီ၏ ကိုယ်ရံတော် တပ်သားတို့သည် ဓားများကို မြှောက်၍ ကျွန်ုပ်ကြားအောင် အော်ဟစ်နေကြသည်။ ကျွန်ပ်သည် လက်ဝဲဘက်တောင်မှ အစပြု၍ ပတ်လည်ဝိုင်းရံနေသော တောင်များဆီသို့ လှမ်းမျှော်ကြည့်လိုက်ပေသည်။ နှင်းမြူ တို့ဆိုင်းနေသောတောင်ထွတ်ဖျား ခုနှစ်ခုကို လှပစွာတွေမြင်လိုက်ရပေသည်။ တောင်များသည် ကျွန်ုပ်၏အောင်ပွဲရလဒ် သက်သေခံများပင်တည်း။
တောင်ခုနှစ်လုံးတောင်ထွတ်ဖျားများနှင့် ယခုကျွန်ုပ်ခြေချလျက်ရှိသော တောင်ထွတ်ဖျားဆီသို့ ကျွန်ုပ်အောင်မြင်စွာ ခြေတင်နိုင်ခဲ့ပေပြီ။ တောင်တစ်လုံးစီ၏တောင်ထိပ်တွင် အဆိပ်ပြင်းသော မြွေကြီးများတောင်ပို့တစ်လုံးစီဖြင့် နေထိုင်ခဲ့ကြသည်။ သို့တစေ သင်းတို့နောက်ထပ်ဆက်လက် နေထိုင်ဖို့ အခွင့်မရှိတော့။ ကျွန်ုပ်၏သံလျက်ကြောင့် ဦးခေါင်းများပြတ်၍ သွေးအလိမ်းလိမ်း ဖြင့် သေပွဲဝင်ခဲ့ရပေပြီ။ နံနက်အရုဏ်တက်ကာလမှစ၍ ကျွန်ပ်သည် တစ်တောင်ပြီးတစ်တောင် ဆင်းကာတက်ကာဖြင့်မြွေဆိုးများကို သတ်ဖြတ်ခဲ့သည်မှာ ယခုအဌမအဗ္မတကိုပင် အောင်မြင်ပြီးစီးခဲ့ပြီ။ အချိန်ကလည်း မွန်းလွဲညနေစောင်းခဲ့ပြီ။ တစ်နေ့တာ၏ငါးပုံလေးပုံသော ကာလလည်းကုန်လွန်ခဲ့ပြီ။ ကျွန်ပ်စွမ်းဆောင်ရန် နဝမတောင်နှင့် ဒသမတောင်နှစ်လုံး ကျန်သေးသည်။
အဌမအဗ္ဗတနှင့် နဝမအဗ္ဗတ တောင်ထွတ်နှစ်ခုကြားတွင် ဆယ့်ငါးတောင်ခန့်ကျယ်သော ချောက်ကမ်းပါး တစ်ခု ခြားနေသည်။ထိုချောက်ကိုခုန်လွားနိုင်ပါက ကျွန်ပ်သည် အဌမတောင်မှ ဆင်း နဝမတောင်ကို ပြန်တက်နေစရာမလိုတော့။ သို့သော်ခြေချော်သွားလျင်မူကား အရိုးအသားပင် ရှာ၍တွေ့တော့မည်မဟုတ်။ထိုတောင်မှ ဆင်းပြီးတက်နေရလျင် ကန့်သတ်ထား သော တစ်နေ့တာ အချိန်ကို ကျော်လွန်သွားလိမ့်မည်။ နှင်းများဖြင့်စိုစွတ်နေသည့် လေကို ကျွန်ုပ်တဝကြီးရှုသွင်းလိုက်သည်။ ရင်ကိုဖြိုးမောက်စွာစွင့်ကားလိုက်ပြီး နဝမတောင်ထိပ်ဆီသို့ ကျွန်ပ်ခုန်ကူးလိုက်သည်။
ဆယ့်ငါးတောင်မျှကျယ်ဝန်းသော ချောက်ကမ်းပါး၏ ဟိုဘက်သည် ဘက် ကမ်းပါးထိပ်ကြား လေဟာပြင်ထဲ၌ ကျွန်ုပ်၏ ခန္ဓာကိုယ်သည် အဟုန်ပြင်းစွာ ရွေ့လျားလျက်ရှိသည်။ ချောက်ကမ်းပါးအတွင်းရှိ စူးရှသောလေတိုးသံမှအပ ဘာကိုမျှမကြားရ။ မာကြောသော မြေပြင်နှင့်ကျွန်ုပ်ခြေထောက်အစုံတို့ ထိတွေ့လိုက်ရသည်။အဌမအဗ္ဗတသည် ကျွန်ုပ်၏နောက်ဘက်၌ ကျန်ရစ်ခဲ့ပြီ။ နဝမအဗ္ဗတတောင်ထွတ်တွင် ကျွန်ုပ်ခြေတင်မိပြန်ပြီ။
''ဟေး ...ဟေး ''
''ဝူး ...ဝူး ... ဝူး''
တောင်အောက်ဆီမှ အရာအထောင်မကသော ဒြာဝိဒိယန်တို့၏ သြဘာသံများ လွင့်ပျံလာသည်။ သို့သော် သြဘာသံများကို နားစွင့်နေရန် ကျွန်ုပ်မှာ အချိန်မရှိ။ ကျွန်ုပ်၏ ရှေ့နှစ်လံအကွာလောက်ရှိ တောင်ပို့ကြီးကို မျက်တောင်မခတ်ကြည့်နေရသည်။ ကျွန်ုပ် ခုန်ခဲ့ဖူးသည့်တောင်ရှစ်လုံး၏ တောင်ပို့ရှစ်ခုတို့ထက်နှစ်ဆမျှကြီးသည်။

ဝတ္ထု လေး ဖတ်စေချင်လို ပြန်လည် မျှဝေလိုက်ပါတယ်
အပိုင်းတွေလုပ်ပြီ မျှဝေလိုက်သည်

ရာဝဏ၏ အောင်ပွဲ(အပိုင်း ၁) | Ecency