တချို့မိန်းကလေးတွေကျ အရမ်းကံကောင်းတယ်

mayjuly(39)
Published in
#esteem
Words
77
Reading
1 min
Listen
Play
9y

တချို့မိန်းကလေးတွေကျ အရမ်းကံကောင်းတယ်

သိပ်မချောလည်း သူ့ကောင်လေးက ကြင်ကြင်နာနာချစ်တယ် ဝေးနေတဲ့အချိန်လည်း သစ္စာမပျက်ဘူး
image
အသည်းကွဲတယ်ဆိုတဲ့ ဝေဒနာလည်း မခံစားဖူးဘူး
အရင်ဆုံး ချစ်မိတဲ့သူနဲ့ပဲ လက်ထပ်ပြီး ဘဝကို
ရိုးမြေကျ အတူဖြတ်သန်းခွင့်ရတယ်
image
ကိုယ့်ကောင်မလေး ကိုယ့်ကြောင့်ပျော်နေရတာကိုပဲ တစိမ့်စိမ့်ကြည့်ပြီး ကျေနပ်နေတတ်တာ
အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေပြီး ကိုယ့်ချစ်သူကို စိတ်မပူစေတာ သံသယမများစေတာ

သူ့အတွက်ဆိုတာထက် ကိုယ့်အတွက်ဆိုတာမျိုးပဲ အမြဲဖြည့်ဆည်းပေးချင်တာ
မိန်းမတွေ အများကြီးရှိတဲ့အထဲမှာမှ ကိုယ့်ကောင်မလေးကိုပဲ ကိုယ့်ရဲ့လက်တွဲဖော်လို့ သတ်မှတ်ထားတာ
image
အဲ့လိုယောက်ျားမျိုးကို ပိုင်ဆိုင်ခွင့်ရတဲ့
မိန်းကလေးက သိပ်ကံကောင်းတာပဲ...

လောကမှာ ပိုက်ဆံတွေ အများကြီးရှိပြီး
အသည်းကွဲလို့ ထင်ရာစိုင်းနေတဲ့ မိန်းမတွေလည်း မြင်ဖူးတယ်
ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ အောင်မြင်နေပေမယ့် ညအိပ်ယာဝင်ချိန်တိုင်း အချစ်ကြောင့် ပူလောင်ပြီး ငိုနေရတဲ့ မိန်းမတွေလည်း တွေ့ဖူးတယ်

ချစ်တတ်နေသရွေ့တော့ အချစ်က
အရေးမကြီးဘူးလို့ ပြောလို့မရဘူး
အချစ်ဆိုတာထက် ကိုယ့်ရဲ့လက်တွဲဖော်ပေါ့...

ကိုယ့်ရဲ့ပျော်ရွှင်မှုက ကိုယ့်ရဲ့ချစ်သူအပေါ်မှာ မူတည်သွားပြီလေ ကိုယ်မှ မချစ်ပဲမနေနိုင်တာကိုး

သူပျော်အောင်ထားရင် ပျော်ရမယ်
သူနာကျင်အောင်လုပ်ရင် ငိုရမယ်

ဘာပဲဖြစ်ဖြစ် ကိုယ့်လက်ကို တကြိမ်ဆုပ်ကိုင်ဖူးတာနဲ့ ဘယ်တော့မှ လွှတ်မချတော့ဘူးဆိုပြီး ခေါင်းမာတတ်တဲ့ ချစ်သူမျိုးသာရှိရင် ကိုယ့်အသည်းလည်း ကွဲစရာမလိုတော့ဘူးပေါ့...။
mayjuly@mayjuly

တချို့မိန်းကလေးတွေကျ အရမ်းကံကောင်းတယ် | Ecency