လူထုစိန်ဝင်းရေးထားသော ရှက်စိတ်ကို မှီညမ်းထားပြီးမှ
ဤစွယ်စုံကို ရွှေဘုံသူ မှန်ကူ သုံးရက်တော်မူသေးရင် ရန်သူ၏အစွယ်ကို
ရွှေလက်ဝယ် ဆက်သပါမည် ။ အားရစိတ်ရွှင် ကျေနပ်အောင် စီရင်၍ ပြုချင်တိုင်းပြုတော်မူပါဘုရား ဟု မောင်မင့်သခင် မုန်းပင်စိုက်ပျိုး ပြေချိန်တိုင်သော်မှ မပြေနိုင် ငြိုးတက်သည့် မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီး " ဟု
ဆိုကြသလို မိန်းမရိုင်းကြီးမှန်း သိလိုက်ရတော့မှ
စူဠသုဘဒ္ဒါဆင် ဘဝက ရှက်စိတ်ကြောင့် ဖြစ်လာတဲ့ မိဖုရားရဲ့ အငြိုးအာဃာတတရား ။
ဆဒ္ဒါန်ဆင်မင်းရဲ့ မေတ္တာတရားကို တဖွားဖွားမြင်ယောင် ၊ နောင်တကြီးစွာနဲ့
နိဂုံးကျ ချစ်ရသူရော ၊ မိမိရော ပျက်စီးရတဲ့ အချစ်ရှုံး အရှက်။
ဒုတိယကမ္ဘာစစ်နောက်ဆုံးပိုင်း ။ " အိုင်ဝိုဂျီးမား " ကျွန်းပေါ်က ဂျပန်တပ်တို့ ရဲ့ လက်နက်ချရမည့်နေ့ အရုဏ်ဦး ။
ဒုတိယဗိုလ်ချုပ်ကြီး "ဥရှိဂျီးမား " နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး" ချို " တို့  တည်ငြိမ်တဲ့အမူအရာနဲ့ ဌာနချုပ်ပြုလုပ်ထားရာဂူထဲက ထွက်လာခဲ့တယ် ။
သူတို့ ခြေလှမ်းတွေက ခန့် ညားလှတယ် ။
သူတို့ မျက်နှာတွေကလည်း တည်ငြိမ်လွန်းလှတယ် ။
ဂူနဲ့မလှမ်းမကမ်းမှာတော့ သေသေချာချာဖြန့် ခင်းထားတဲ့ စောင်အဖြူကြီးတစ်ထည်က
အသင့်စောင့်နေလေရဲ့ ။
ဖြန့် ခင်းထားတဲ့ စောင်ဖြူကြီးပေါ် ထိုင်ချလိုက်ကြတယ် ။
ထွက်ပြူစနေဝန်းကို ဦးညွတ်ရင်း ကိုင်ထားတဲ့ဓားတွေကို ကိုယ်စီဆွဲထုတ်လိုက်ကြတယ် ။
ဓားနှစ်စင်းဟာ နေခြည်မှာ ဝင်းခနဲလက်အပြီး ဓားသွားတွေရဲ့ သူတို့ ရဲ့ ခန္ဓာကိုယ်များဆီ ။
" ဟာရာကီရိ " လုပ်လိုက်ကြတဲ့ စစ်ရှုံးအရှက် ။
ရွှေမော်ဓောစေတီတော်မှာ ပြုတဲ့ တပင်ရွှေထီးရဲ့ နားထွင်းသျှောင်ထုံးမင်္ဂလာမှာ
ဘုရင်နောင်ကျော်ထင်နော်ရထာနဲ့ သူရဲကောင်း၅၀၀ တို့ရဲ့
လက်မအပ်စိုက် တူနဲ့ထုပြီး သတ္တိစမ်းတဲ့ပွဲ ။
သူရဲကောင်းဗလမင်းထင်ရဲ့အလှည့် အမှတ်တမဲ့ တွန့် သွားရာက
ခါးကြားက ဓားမြောင်ဆွဲထုတ် ၊ သူ့ ဝမ်းဗိုက် သူခွဲပြီး အူစကို တမင်ရွှေထီးလက်သို့ အပ် ။
နောက်ဆုတ်ပြေးရာက အူဆုံးတော့ သေပွဲဝင် ။
ဒါက သူရဲကောင်း အရှက် ။
ပါဠိစကားလို "ဟိရီ " ။
အသုံးချရင် အသုံးချသလောက် အဆင့်အတန်းမြင့်စေတဲ့အရာ ။
လူ့ ယဉ်ကျေးမှုကို ထိန်းသိမ်းပေးတဲ့ လောကပါလတရား ။
မြတ်စွာဘုရားကတော့ မကောင်းမှုဒုစရိုက်တွေကနေ ရှက်တဲ့သဘောတဲ့ လေ ။
ကိုယ်အမူအရာနဲ့ပြုတဲ့
သူ့ အသတ်သတ်ရမှာကို ရှက် ၊
သူ တစ်ပါးဥစ္စာစည်းစိမ်ကို ခိုးယူရမှာကို ရှက် ။
ကိုယ်မပိုင်တဲ့ သူ့ အိပ်ရာကို ကျူးကျော်ခြင်းကို ရှက် ။
နှုတ်အမူအရာနဲ့ ပြောတဲ့
လိမ်ပြောရမှာတွေကို ရှက် ။
အတင်းပြောရမှာတွေကို ရှက် ။
ကြမ်းကြမ်းတမ်းတမ်းပြောရမှာတွေကို ရှက် ။
အချည်းနှီးလေပေါနေတာတွေကို ရှက် ။
စိတ်နဲ့ကြံစည်တဲ့
သူတစ်ပါးပြည့်စုံမှုတွေကို မနာလိုမရှုစိတ်ဖြစ်နေမိမှာတွေကို ရှက် ။
ဒေါသကြီးမိမှာကို ရှက် ။
အသိမှားအယူမှားမှာကို ရှက် ။
ဒါကမြတ်စွာဘုရားဟောကြားတဲ့ စစ်မှန်တဲ့ ရှက်စိတ် ။
မပျက်စီးရအောင် ရှက်တက်ဖို့ တော့လိုတယ် ။
မြတ်ဗုဒ္ဓရဲ့ ရှက်နည်းကတော့ ပျက်စီးခြင်းသဘောမရှိ ။ ရှက်ရင်ရှက်သလောက် အကျိုးများမည့် ရှက်စိတ်ပါပဲ ။
ရှက်တက်ကြပါစေ ။
photo-google