မြင်ကွင်းများ ကို
ပကတိ အရှိ တရားဖြင့် ခံစားခြင်း
ဟိုလူ သာတယ် ဒီလူ သာတယ် လို့
နှိုင်းယဉ်ခြင်း အလျှင်းမပါ
ပကတိ အရှိတရား ကိုသာ ရှု့မြင်ခြင်းပင်
နိုင်ငံရေး ကို အနှစ် ၂၀ လောက်
သား ကွဲ မယား ကွဲ ထောင်ကျ တန်းကျ
လုပ်လာတာ တဲ့
နိုင်ငံရေး သမားတွေကို
တိုင်းပြည် အတွက် ထောင် မမှု ဘဲ
လုပ် လာကြသူတွေ လို့
ဒီလို လော်ကြတာ တွေ့ရပါတယ်
စစ်သား ဆိုတာ အသက် ဖက်နဲ့ထုပ်
သားကွဲ မယား ကွဲ တောထဲ မှာ
အငတ်ငတ် အပြတ်ပြတ် နေပြီး
တိုင်းပြည် အတွက် ကာကွယ် ခဲ့ရတာ
ဒါက ဘယ်သူ မှ မလော်တဲ့
ပကတိ အရှိတရား
နိုင်ငံရေး သမား က အချိန် တန်ရင်
အကပ်ကောင်းရင် ဘာ ညာ
ဖြစ်နိုင်သေးတယ်
စစ်သား က တိုက်ရဲ သေရဲ
ရွတ်ရွတ် ချွန်ချွန် တိုက်နိုင်ပါ မှ
မသေ ဘဲ ကျန်နေပါ မှ ရာထူးနေရာ
ရနိုင်တာပါ
သာမန် ဆိုရင် တဖြည်းဖြည်း ဘဲ
အရာရှိ ပေါက်စ အသက် ၂၀ မှ
ယနေ့ ရာထူးကြီး နေရာ ဖြစ်ဖို့
အသက် ၆၀ နားနီး မှ
ကံ အလွန် ကောင်းပါမှ
မသေ ခဲ့ပါက
တပ်တွင်း ပြစ်ချက် မရှိသလောက် ဖြစ်ပါမှ
အဆင့်မြင့် နေရာ ရောက်နိုင်တာပါ
အနှစ် ၄၀ လောက် ကုန်းရုံး လုပ်နိုင်ပါမှ
နိုင်ငံရေး သမားများလို
ဘယ်လို ပြစ်ချက် ရှိခဲ့ ရှိခဲ့
နှစ် အနည်းငယ် နဲ့ ရာထူးကြီး
မရနိုင်တာ တွေ့ရမှာပါ
ဒီ ၂ ခုလုံး ဟာလည်း ပကတိ အရှိတရားပင်
နိုင်ငံရေး ဆိုတာ
ဘိန်း လိုဘဲ စွဲလမ်း စေတတ်
မှိုင်းမိ စေတတ်တယ်
သူ့ အယူအဆ မှ သူ့ အယူအဆ
ကျန်တာ လာ မပြောနဲ့
မလုပ်ပါနဲ့ လို့ တားရင်တောင်
မနေနိုင်အောင် လုပ်ချင်တာမျိုး
စစ်သား ဆိုတာ
အသက် သေနိုင်မှန်း သိပါလျှက် နဲ့
လိုအပ်လို့ အသက် ကို ဖက်နဲ့ထုပ်
မတိုက် ချင်လည်း တိုက်
တိုက် ချင်လည်း တိုက် နေရတာ
ဖြစ်နိုင်ရင် ဘယ် စစ်တိုက်ချင်ပါ့မလဲ
ဆိုလိုတာ က နိုင်ငံရေး လို မစွဲလမ်းစေဘူး
ယွတ်စွ အဆုံး
နိုင်ငံရေးသမား ထောင်ကျရင်
ထောင်ထဲ မှာ ထမင်း စားရသေးတယ်
စစ်သား ဆိုတာ
ရှေ့တန်း မှာ အသက် ဖက်နဲ့ထုပ်
ထမင်း မစားရတဲ့ ရက်တွေ ရှိနိုင်သေးတယ်
ဒါတွေက ပကတိ အရှိတရား ကို
ပါးပါးလေး လှပ် ကြည့်တာပါ
အများကြီး ကြည့်နိုင်သေးတယ်
မြင်နိုင် သိနိုင်တဲ့ အသိညဏ် ရှိရင်ပေါ့
လော်ဘီ တွေ တော်ကီ ပွား လာတော့
မြန်မာ ပြည်သူ အချင်းချင်း
စိတ်ဝမ်း ကွဲလာတယ်
စစ်သား ဦးရေ ၄ သိန်းကျော် မှာ
နီးစပ်ရာ မိဘ မောင်ဘွား ဆွေမျိုးများဟာ
တစ်ယောက် ကို ဆွေမျိုး ၁၀ ယောက်ရှိရင်
၎ သန်းကျော်
တစ်ယောက် ကို မိတ်ဆွေ ၁၀ ဦးရှိရင်
၎ သန်းကျော်
သံဃာ ဦးရေ ၄ သိန်း ကျော် မှာ ဆွေမျိုး အပါအဝင်
ဒါယကာ ဒါယိကာမ အနေနဲ့ တစ်ပါး ကို လူ ၅၀ ရှိရင်
သန်း ၂၀ ကျော်
ပြည်သူ သန်း ၅၀ ကျော် ထဲမှာ
ပြည်သူချင်း ရန်တိုက်ပေးနေတာက
နိုင်ငံရေးသမား လော်ဘီ တွေပါဘဲ
သတိထားကြည့်ရင် မြင် လာပါလိမ့်မယ်
အမုန်း စကား ဆိုသော
စကားရပ်များ အောက်မှာ
သံဃာ က ဘယ်လို
စစ်တပ် က ဘယ်လို စသည်ဖြင့်
ရစရာ မရှိအောင် ပြောဆို ရေးသားပြီး
နိုင်ငံရေး သမား လော်ဘီများဟာ
ပြည်သူ များကို ဆော်ကြ လော်ကြပါတယ်
နိုင်ငံရေး သမား တွေကဘဲ
တိုင်းပြည် အတွက် အရေးပါသလိုလို
လော်ကြ ဆော်ကြ ပုတ်ကြ ခတ်ကြ နဲ့
ပြည်သူ သန်း ၅၀ ကို
နေ့စဉ် အမုန်းဆွဲ သွေးခွဲနေတာ
မမြင် ချင်မှ အဆုံး
မမြင်ချင်ယောင် ဆောင် နေလျှင်တော့
မတတ်သာပြီ ပေါ့