Yamethin City History

Words
974
Reading
5 min
Listen
Play
8y

image
ရမည်းသင်းမြို့သမိုင်းတစိတ်တဒေသ
ရမည်းသင်းမြို့ဟု ထင်ရှားခေါ်ဝေါ်မှုတွင် မည်သို့သော အကြောင်းများကြောင့် ရမည်းသင်းဟူ၍ ခေါ်တွင်ရကြောင်းကို ကွဲပြားခြားနားနေသော အခေါ်အဝေါ်များပေါ်တွင် သုတေသန ပြုလုပ်ရရှိချက်တို့ကို အောက်ပါအတိုင်းဖေါ်ပြရခြင်းဖြစ်သည် ။
( ၁ ) ရေမြီးသင့် မှ ရမည်းသင်း
( ၂ ) နွားမဲတသင်း မှ ရမည်းသင်း
( ၃ ) ရာမညတသင်း မှ ရမည်းသင်း
( ၄ ) ရာ မား ဆင်း မှ ရမည်းသင်း
( ၅ ) ယမဲသင်း မှ ရမည်းသင်း
( ၆ ) ရမည်းသင်း [ ( မွန် ) ( ရမည် ) တို့ သင်းဖွဲ့၍ နေထိုင်ခြင်း ]


( ၁ ) ရေမြီးသင့် မြို့
ရမည်းသင်းမြို့ အရှေ့တောင်ဘက်တွင်ရှိသော ကြေးနီအိုင်ကြီးသည် အလျား အနံမှာ တတိုင်စီ ကျယ်ဝန်း၍ တစ်ဆယ့်နှစ်ရာသီ ကာလပတ်လုံး ရေခမ်းခြောက်ခြင်းမရှိသည်ကို အကြောင်းပြု၍လည်းကောင်း ။
ရမည်းသင်းမြို့ မြေအနေအထားသည် သာယာစိုပြေ တင့်တယ်ခြင်းဖြင့် ညီညွတ်မှန်ကန်သော ရာသီဥတုလည်း ရှိပေရာ မြို့အဖြစ် တည်ပါက ပြည်သူတို့ သောက်သုံးရေအနေနှင့် သင့်တင့်မှု ရှိ / မရှိကို သိစေရန် ရေကို မြီးကြည့်၍ စမ်းသပ်ကြလေသည် ။ ရေမှာ အသင့်အတင့် ကောင်းမွန်ပြီး လူအများသုံးစွဲရန် သင့်လျှော်လှသောကြောင့် ဤဒေသကို မြို့တည်၍ မြို့အမည်ကို ရေမြီးသင့်ဟု ခေါ်တွင်ကြလေသည် ။ ကာလကြာမြင့်လာသော အခါတွင် ရေမြီးသင့် မြို့မှ ရမည်းသင်းမြို့ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်လာကြောင်း ရှေးလူကြီး သူမတို့ အဆိုအမိန့် ရှိကြလေသည် ။

( ၂ ) နွားမဲ တသင်း မြို့
ရမည်းသင်းမြို့တည်ရန်အတွက် နေရာဒေသကို ရွေးချယ်ရာ၌ ကြေးနီကန်ကြီးသည် အင်း ၊ အိုင်ကြီးသဖွယ် ကြီးကျယ် ခန်းနားလျှက်ရှိနေပြီး ၊ တိရိစ္ဆာန်တို့သည် ပျော်မွေ့လျှက်ဆက်ရှိကြပေရာ ၊ နွားမဲ တသင်းသည်လည်း ကြေးနီကန်အတွင်းသို့ တောင်ဘက်ပေါက်မှ ဝင်၍ ကျက်စားလျှက်ရှိပေသည် ။ နွားမဲ တသင်းတို့သည် ရမည်းသင်းမြို့တည်ရာဒေသတွင် ပျော်မွေ့စွာနေထိုင်လျှက် ကျက်စားရာဒေသတွင် မြို့တည်ရန် သမုဒ်ကြပြီး မြို့တည်လာခဲ့ကြပေရာ ၊ နွားမဲတသင်းမှ ရမည်းသင်းဟူ၍ အဆိုရှိကြလျှက် ရှိသည် ။ ရမည်းသင်းမြေသည် ဘူမိနက်သံကျသောမြေဖြစ်ခြင်းကြောင့် ကျားနှင့် သမင် လိုက်ကြရာတွင်လည်းကောင်း ၊ ဖားနှင့်မြွေလိုက်ကြရာတွင်လည်းကောင်း ၊ သစ်နှင့် ခွေး လိုက်ကြရာတွင်လည်းကောင်း ၊ ရမည်းသင်းဒေသသို့ ရောက်ကြသောအခါတွင် သမင်က ကျားကိုလည်းကောင်း ၊ ဖားက မြွေကို လည်းကောင်း ၊ ခွေးက သစ်ကိုလည်းကောင်း ပြန်လည်၍ တိုက်ခိုက်ကြသည်ဟူ၍ အယူရှိကြလေသည် ။

( ၃ ) ရာမညတသင်း မြို့
ရမည်းသင်းမြို့ တည်ရာဌာန၌ မြို့မတည်မှီ ကာလ အတော်ကြာကပင် ရာမညတိုင်း လူမျိုးများ ရွာတည်၍ အသင်းအပင်းဖွဲ့စည်း နေထိုင်လျှက်ရှိကြပါသည် ။ ရမည်းသင်းမြို့တည်ရာ နေရာဒေသနှင့် မြေအခြေအနေ ၊ ရာသိဥတု အခြေအနေ ၊ စါးကျက်အခြေအနေတို့ကို လေ့လာသုံးသပ်ရာတွင် ရာမည တိုင်းသားတသင်းတို့ ရွာတည်၍ နေထိုင်လျက် လယ်ယာ ကိုင်းကျွန်း စိုက်ပျိုး စားသောက် နေထိုင်ကြသည်ကို တွေ့ရှိရသည် ။ အေးချမ်းသာယာသော ဒေသဖြစ်သောကြောင့် မြို့အနေအထားဖြင့် သမုဒ်၍ တည်ရသော် သင့်တော်လျောက်ပတ်မည်ဟု ယူဆပြီး ရမည်းသင်းမြို့ကို တည်ခဲ့ကြလေသည် ။ မြို့တည်ရာတွင် ရာမည တိုင်းသားတသင်းတို့ နေထိုင်ရင်းစွဲရှိသည်ကို အခြေခံ၍ ရာမည တသင်းဟု ခေါ်ဝေါ်လာရာမှ ၊ ရမည်းသင်း ဟု ကာလကြာသော် ပြောင်းလဲ၍ လာခဲ့ရကြောင်း ရှေးသူမတို့ အဆိုအမိန့် ရှိခဲ့ကြလေသည် ။

( ၄ ) ရာမားဆင်း မြို့
ရမည်းသင်းမြို့အား မူလက ရာမားဆင်း မြို့ဟု ခေါ်ဝေါ်လာဟန်တူကြောင်းဖြင့် မြန်မာနိုင်ငံတော်သမိုင်း ကော်မရှင် ၊ ဗိုလ်မှုး ဘရှင်က ဆွေးနွေးသွားဘူးပါသည် ။ ရာမားဆင်းဟူ၍ ခေါ်ဝေါ်လာရခြင်းမှာလည်း ဟံသာဝတီ သိရိခေတ္တရာ ၊ မိတ္ထီလာ စသော မာဂဓ ပါဠိဘာသာစကားရပ်တို့မှ ဆင်းသက်လာခြင်း ဖြစ်နိုင်ကြောင်း ၊ အထူးသဖြင့် အိန္ဒိယ ယဉ်ကျေးမှု့ လွှမ်းမိုးသောမြို့ အမည်ဖြစ်ကြောင်း ရှင်းလင်းသွားခဲ့ပါသည် ။ သို့ပါ၍ ရာမားဆင်းမှ ရမည်းသင်းဟူ၍ ကာလကြာသော် ပြောင်းလဲလာခြင်းဖြစ်နိုင်ကြောင်းလည်း အဆိုရှိခဲ့ကြလေသည် ။

( ၅ ) ယမဲသင်း မြို့
ရမည်းသင်းမြို့ကို ဇာတာတော်ပုံရာဇဝင်ကို တည်းဖြတ်ပြုစုခဲ့သော ဆရာဦးလှတင် ( လှသမိန် ) ၏ အဆိုတွင် ရမည်းသင်းမြို့ကို ( ၆၆၅ ) ခုနှစ် ယမဲသင်း ဟူ၍ ရေးသားလာသည်ကို တွေ့ရှိရပြန်လေသည် ။ သို့သော်လည်း ယမဲသင်းဟူ၍ မည်သည့် အထောက်အထားကို အခြေခံ၍ ရေးသားလာကြောင်းကိုမူကား မတွေ့ရှိရသေးပေ ။

( ၆ ) ရမည် ( မွန် ) သင်း
၁၉၇၀ - ပြည့်နှစ် သြဂုတ်လထုတ် ရတနာမွန်မဂ္ဂဇင်းတွင် စာရေးဆရာ ရည်စိန်က ပိဿနိုးမြို့ ဆိတ်သုဉ်းခဲ့သည့် အကြောင်းရင်း ဆောင်းပါးတွင် - " ပိဿနိုးဒေသတွင် အုပ်စိုးခဲ့ဘူးသောကြောင့် ပိဿနိုးမြို့ကို ပန်ထွာပြည်ဟုလည်း ခေါ်ကြသည် ။ " ပျူတို့သည် ပိဿနိုးမြို့ကို ပြန်လည် သိမ်းယူသည့်အခါ ယင်းဒေသတွင်ကျန်ရှိသော မွန်တို့သည်လည်း ပျူတို့ အုပ်ချုပ်ရေးအောက်တွင် ပျူတို့နှင့်အတူ ငြိမ်းချမ်းစွာ နေထိုင်နိုင်ခဲ့သည် ။ " အဝ " ခေတ် ရောက်လာသည့်တိုင်အောင် ယင်းဒေသတွင် အထူးသဖြင့် ရမည်းသင်းတဝိုက်တွင် မွန်များရှိသေးသည်ဟု ယူဆရန် ရှိပါသည် ။ မွန် ( ရမည် ) တို့က သင်းဖွဲ့၍ အများဆုံးနေထိုင်ခဲ့သော အရပ်ကို ရမည်းသင်းဟု မြန်မာတို့က ခေါ်ခဲ့ခြင်း ဖြစ်ပေသည် ဟူ၍ ဖေါ်ပြထားရှိပါသည် ။

ဤကား ရမည်းသင်းမြို့အား အကြောင်းပြု၍ ရမည်းသင်းဟူ၍ ခေါ်ကြကြောင်း ရှေးသူတို့နှင့် ပညာရှိ စာရေးဆရာကြီးတို့က မှတ်တမ်းတင်ထားခဲ့ပါသည် ။

Yamethin part of history
What appeared Yamethin call has reasons Yamethin had called on the available research on different terms, and have been described as follows.
(1) the lifting Yamethin
(2) the black ox teams Yamethin
(3) ရာမည club Yamethin
(4) the level Yamethin
(5 votes) teams Yamethin
(6) Yamethin [(Mon) (live) conspired]


(1) lifting your city
Yamethin southeast of the pillars of copper, its length and the breadth of the lake. Spacious twelve about that there was a long dry season either.
Yamethin Terrain is glad the problem is in harmony with the correct climate is built as a city is to be at peace with the public drinking water / tell-tail test.. Should the water to many people because it's appropriate to use in this area. The name of the city is called the tail. When after a long time from lifting your Yamethin grown are called adults have confirmed orders.

(2) black bull club
Yamethin to select locations in the Great Lakes Copper Inn, The lake, there are many helpful Glamor The animals enjoy their stay, being The black bull teams are striving to enter from the south into the copper instructions. The black bull club Yamethin living in, the area will enjoy the city to the sea in the area of ​​the pastures, they headed for the city Who say that the black ox teams Yamethin have been confounded. Yamethin Geological black tiger and deer being used, And making snakes, frogs New and used dogs, When you come Yamethin area of ​​tiger and deer Snakes and frogs The dog and the police are called back.

(3) ရာမည club
Yamethin place before the foundation of the city for several days ရာမည people living in the village association. Obviously. Yamethin land, the location and condition, Seasons Review feed စါး ရာမည club and living in the village. Cultivated agricultural land found in the dining Live. Peace in the region because conditions will fit suitable mode. Yamethin supposed to have been established. The capital city had lived ရာမည teams have called ရာမည based club, Yamethin had been changed days later they had a confirmed order.

(4) marketing
Yamethin originally called a large city like Myanmar Historical Commission, Major is not discussed. Also called high because of the airport temporarily, Speaking only to her heart, it can be derived from ပါဠိဘာသာစကား Especially in India will be a flood of polite society was clear. Therefore, the high Yamethin days later, saying that they had also been able to change.

(5 votes) teams
Edit History Yamethin of care (လှသမိန်) Yamethin (665 votes) in the teams' have been coming back. The vote, however, teams are grown based on any evidence that he had not yet been found.

(6) (Mon) teams
In 1970 - August ရတနာမွန် magazine writer syrup stealing a diamond in the Spanish league enthusiasts article reason - because it "did not rule in the Spanish league enthusiasts Spanish league enthusiasts to petition the city known as the city of peace." Close the computer enthusiasts gather the rest of Mons in the region when peace with the Pyu Pyu under administration I was able to live. Until "the coming era" in the area, especially around Yamethin Mon There are still considered. (Mon), the place of living in the most conspired Yamethin Staff was well named.

This is called about Yamethin Yamethin recorded, according to the ancient and wise writer.

image

masterbcc@masterbcc