ဒို့မြန်မာတွေ အသိသတိလေးထားကြဖို့လိုအပ်နေပြီလို့ တိုက်တွန်းလိုက်ချင်မိတယ်လေ။ အများစုဟာ မြန်မာနိုင်ငံမယ် ယောက်ျားများက အိမ်ထောင်ဦးစီးလုပ်ကြပြီး ငွေရှာနေကြရပေမယ်။ တချို့ဆို မိသားစုတောင် အချိန်မပေးနိုင်ကြသူတွေများကြပေတော့တယ်။ အလုပ်တွေက အောင်မြင်ကြသူတွေက တဖြေးဖြေးတိုးချဲ့လာကြသလို မအောင်မြင်ကြသူတွေကလည်း လက်ရှိအလုပ်များဖြင့် အချိန်တွေကို ငွေရအောင် ဖန်တည်းနေကြရပေတယ်။
ဆိုလိုချင်တာက မိမိအိမ်က မိဘ အမေနှင့် အစ်မ နှစ်မများ ဇနီးမယား များကို အသိပညာများ ပေးစေလိုပေတယ်။
မိမိအိမ်မယ် ချက်ပြုတ်သော စားဆီ ကြော်ဆီများ မှန်ကန်ပါသလား
ဟင်းတွင်ပါဝင်သော ဟင်းချိုမှုန့်(အချိုမှုန့်) ဘယ်လိုသုံး
ဟင်းသီးဟင်းရွတ်များ ပိုးသတ်ဆေးများ သန့်စင်ပါသလား
အသားနှင့် ငါးများ လတ်ဆပ်ပါသလား
ကျန်းမာရေး သုတပြည့်စုံနေပြီလား
အထူးအရေးပါသော အလုပ်များ ဖြစ်နေပေတော့သည်။ ကျန်းမာရေးက လာဒ်တစ်ပါးဖြစ်နေလို့ ဖြစ်ပေသည်။
မိမိပတ်ဝန်းကျင်ကိုလေ့လာပါ။ စားသောက်ဆိုင်များ နှင့် ကုန်စုံဆိုင်တွေ ရယ် ဆေးဝါး ဆိုင်တွေရယ် နိုင်ငံတော်က လိုင်စင် ဥပဒေ ထုတ်ပေးထားပါတယ်။ စားဆီများတွင် ရောနှောဆီတွေ စပ်ရောင်းနေကြတယ် ။ တွေ့ရင် သက်ဆိုင်ရာကို တိုင်ကြပါ။ အားနာစရာမလိုပေ။ ကြောက်စရာ မလိုပေ။ အားနာရင် တစ်မျိုးသားလုံး ရောဂါရပြီး အသက်တိုပေမည်။ ဥပဒေ ဆိုတာ လူသားများအတွက် အကာအကွယ်ပေးထားတာ ဖြစ်ပေတယ်။ စီးပွားရှာတာကို ဥပဒေနှင့် မညီညာပါလျင် လူသားများ ငွေကုန်ပြီး ဆေးခန်းမယ်ပြည့်နေပေတော့မည်။ စားသောက်ကုန် မှန်သမျှ fda ချပေးမှ ဘေးကင်းသည်ကို သိထားဖို့လိုပေတော့သည်။
dateကုန် မုန့်များ ဆေးများ စစ်ဆေး ပြီးမှ ဝယ်ကြ စားကြဖို့ အထူးလိုအပ်ပေတော့သည်။
မိသားစုကို ပညာပေးကြပါ။သိအောင် နားလည်အောင် ဖွင့်ပေးကြပါ။ ဆိုင်တွေကို ဝယ်သူက တိုင်မှတိုင်မှ လိုက်နာကြမည်မို့ ပတ်ဝန်းကျင်ကို လေ့လာကြပါလို့ တိုက်တွန်းလိုက်ချင်ပေသည်။