ကိုယ့်လမ်းကိုဖြောင့်ဖြောင့် သွားချင်ရင်
တစ်နည်းပဲရှိတယ် ။
"ပတ်ဝန်းကျင်ကို ဂရုမစိုက်ပါနဲ့ "
ပတ်ဝန်းကျင်ဆိုတာ
အလုပ်နှစ်ခုပဲလုပ်ဆောင်ပေးနိုင်တယ်။
ပထမ တစ်ခုက "ကဲ့ရဲ့ ခြင်း"
ဒုတိယ တစ်ခုက "ချီးမွန်းခြင်း"
ဆိုတဲ့အရာ နှစ်ခုကိုပဲ လုပ်ဆောင်ပေးနိုင်တာ
သူတို့ကိုယ်တိုင်လည်းကောင်းသလားဆိုတော့
မကောင်းကြဘူး ။
တကယ်လို့များ အဲ့ဒီ လုပ်ဆောင်ချက်နှစ်ခုထဲက
"ကဲ့ရဲ့ခြင်း" နဲ့ကြုံလာရင်
ခင်ဗျား တို့ သိမ်ငယ်သွားဖို့မလိုဘူး
"ချီးမွန်းခြင်း" တွေ နဲ့ကြုံလာရင်လည်း
သာယာမိန်းမောပြီး မာန်တတ်သွားဖို့မဟုတ်ဘူး
ကိုယ် ဘာတွေဆက်လုပ်နေရမယ်ဆိုတာကိုပဲ
အမြဲစဉ်းစားနေဖို့လိုတယ် ။
ဘာဖြစ်လို့လည်းဆိုတော့
ပတ်ဝန်းကျင်ဆိုတဲ့ အမျိုးဟာ
လုပ်ရပ်တစ်ခုကို
မြင်နေရ ချင်နေ
မမြင်ရချင်နေ အရင်ဆုံး "negative " တွေ နဲ့
စတင်ကြတာ ။
လုပ်နေတဲ့ အလုပ်တွေကို
အရင်ဆုံးကြည့်မယ်
ပြီးရင် " ဖြစ်နိုင်ပါ့မလား တို့ မဖြစ်နိုင်ဘူနော်" တို့
စတဲ့ "negative talk " တွေ နဲ့ပဲ
ပြောကြမှာပဲ ဘာဖြစ်လို့လည်းဆိုတော့
သူတို့ မလုပ်နိုင်တဲ့ အရာတွေဖြစ်နေလို့
သူတို့ စိတ်နဲ့နှိုင်းပြီး ခင်ဗျားကို
တွန့်ဆုတ်စေတာ ။
အချိန်တန်လို့ ခင်ဗျားအောင်မြင်လာရင်
ခင်ဗျားအတွက် လက်ခုပ်ကလေးတီးပေးပြီး
ခင်ဗျား ကိုအရောတဝင်ပြု ချင်ကြတာ
တကယ်လို့ များခင်ဗျားဟာ ရှုံးနိမ့်သွားရင်
ဝိုင်းဟားကြအုံးမှာ ။
နောက်ဆုံးအောင်မြင်သွားလို့
ခင်ဗျားအတွက်လက်ခုပ် တီးပေးတယ်ဆိုရင်တောင်
အဲ့ဒီ လက်ခုပ်သံကို စိတ်ရင်းနဲ့မယုံကြည်ပါနဲ့
တစ်ချို့က မကောင်းတတ်လို့သာ
တီးပေးနေရတဲ့ လူမျိုးတွေလည်းရှိပါတယ် ။
နောက်ဆုံးအကုန်ပြောချင်တာက
အမြင့် တစ်နေရာကို
ရောက်သွားခဲ့ရင်တောင်
ပတ်ဝန်းကျင်ဆိုတာ အောက်ကနေ ပင့်ပြီး
တံတွေးထွေးချင်ကြတဲ့အမျိုးပါ ။
ိ
photo myanmar model page