သတိထားပြီး. .တွဲခေါ်ပါ

Words
158
Reading
1 min
Listen
Play
9y

image
ကိုယ့်ပတ်ဝန်းကျင်မှာ ပျော်ပျော်နေတတ်တဲ့
ပေါတောတော သူငယ်ချင်းလေးတွေရှိရင် သူတို့ကို တန်ဖိုးထားပါ...!!

ဘာဖြစ်လို့လဲဆိုတော့ Leadership တို့၊
Management တို့လို ပညာတွေကိုမတတ်ဘူးဆိုရင် သင်ပေးလို့ရတယ်၊ အဲ့ဒီအတွက်လည်း သင်တန်းတွေ ရှိပါတယ်...

သို့သော် … …
စတတ်၊ နောက်တတ်တဲ့ အတတ်ပညာတို့ …
ပျော်တတ်ပါးတတ်တဲ့ အကျင့်စရိုက်တို့ …
ပြောင်စပ်စပ်မျက်နှာပေးလေးတွေတို့ …
ပေါတောတော လုပ်ရပ်လေးတွေတို့ .
ရွှတ်နောက်နောက် စကားလေးတွေတို့ . .
ကြောင်တောင်တောင် အတွေးအခေါ်လေးတွေတို့
ချစ်စရာကောင်းတဲ့ ဟာသဉာဏ်လေးတွေတို့ …
ကိုယ့်အပျော်ကို တစ်ပါးသူဆီပါ ကူးစက်စေတဲ့
စေတနာလေးတွေတို့ … … စတဲ့အရာတွေကလေ
သုံးလပြတ်သင်တန်းတစ်ခု သွားတက်ပြီး
ရှာလာလို့ မရပါဘူး...။

အဲ့ဒါတွေက တကယ်တော့ ပါရမီထူးတွေပါ ။
အထူးသဖြင့် လောကကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်တဲ့သူ အများစုမှာပဲ ရှိတတ်တဲ့ အထုံပါ...

စဉ်းစားကြည့်လေ သူတို့ရဲ့တန်ဖိုးက ကြီးလေပဲ၊

ဥပမာ ခရီးတစ်ခုထွက်တယ်၊ ဟိုလူကလည်း ရေခဲတုံး၊
ဒီလူကလည်း ကျောက်ရုပ်၊ ဟိုတစ်ယောက်ကလည်း
အေးတိအေးစက်၊ ဒီတစ်ယောက်ကလည်း ငိုင်တိုင်တိုင်
ကဲ စဉ်းစားသာကြည့်၊ အဲ့ဒီခရီး ပျော်စရာ
ကောင်းဦးမလားလို့...

အဲ့ဒီအထဲမှာ ငပေါလေးတစ်ယောက်လောက်သာ
ပါကြည့် ပြီးပြီ … !!ခရီးစဉ်တစ်ခုလုံး သူတစ်ယောက်နဲ့တင်
ဖလန်းဖလန်းကို ထနေမှာ...

ဒီလိုပဲ အတန်းတစ်တန်းမှာ၊ ရုံးတစ်ရုံးမှာ၊
မိသားစုတစ်ခုမှာ၊ သူငယ်ချင်းတစ်စုမှာ စသဖြင့်
အဲ့ဒီလို ပျော်တတ်ပါးတတ်တဲ့ ပေါတောတော
ပါရမီရှင်လေးတွေက မရှိမဖြစ်ကို လိုပါတယ်...

မဟုတ်ရင် ဟိုလူကလည်း ရုပ်တည်
ဒီလူကလည်း ရုပ်တည်နဲ့ တတီတည်း တီနေကြရင်
လူ့အဖွဲ့အစည်းကြီးက ဘယ်လောက်တောင်မှ
ပျင်းရိခြောက်ကပ်ပြီး ငြီးငွေ့စရာကောင်းလိုက်မလဲနော်၊
စဉ်းစားသာကြည့်...

နောက်ပြီး ပါရမီရှင် ငပေါလေးတွေကို
လေ့လာကြည့်တဲ့အခါ သူတို့မှာ …
အကောင်းမြင်စိတ်ရှိတယ်
သဘောကောင်းတယ်
ဟာသဉာဏ်ရွှင်တယ်
စကားပြောကောင်းတယ်
ပြောရဲဆိုရဲတဲ့သတ္တိရှိတယ်
ဗဟုသုတကြွယ်ဝတယ်
လူချစ်လူခင်များတယ်
အနစ်နာခံတတ်တယ်
အဖွဲ့အစည်းစိတ်ဓာတ်ရှိတယ်
မီးစင်ကြည့်ကတတ်တယ်
အမြဲတက်ကြွနေလေ့ရှိတယ်
လူတွေကိုပျော်ရွှင်စေတယ် . . . .

ဒီတော့ လူတွေရဲ့ရင်ထဲမှာ ငပေါလေးတွေက
အမြဲတမ်း သတိတရ ရှိနေတတ်တယ်...

ကဲ ဒီတော့ ကိုယ့်ပတ်ဝန်းကျင်မှာ အခုလိုပဲ
ပျော်တတ်ပါးတတ်၊ စတတ်နောက်တတ်တဲ့
ပေါတောတော ပါရမီရှင် သူငယ်ချင်းလေးတွေရှိရင်
သူတို့ကို အခုထက်ပိုပြီး တန်ဖိုးထားကြပါနော့....လို့ ပြောလိုက်ချင်ပါတယ် ပေါတာက လဲ ရှားနေတတ်ပေသည်။
photo-google

သတိထားပြီး. .တွဲခေါ်ပါ | Ecency