သင်ခန်းစာ တစ်ခု

Words
182
Reading
1 min
Listen
Play
9y

သင်ခန်းစာတိုင်း မယ်

.

ဆရာက ဘလက်ဘုတ်ပေါ်မှာ ဒီလို ရေးချလိုက်ပါတယ်

9 x 1 = 7
9 x 2 = 18
9 x 3 = 27
9 x 4 = 36
9 x 5 = 45
9 x 6 = 54
9 x 7 = 63
9 x 8 = 72
9 x 9 = 81
9 x 10 = 90
9 x 11 = 99

ဒီလိုရေးပြီး ကျောင်းသူ ကျောင်းသားတွေဖက် လှည့်လိုက်တော့
ကျောင်းသူ ကျောင်းသားတွေ တဝါးဝါး ဝိုင်းရယ်ကြပါတယ် ..

ဆရာက
ဘာဖြစ်လို့ ရယ်ကြတာလဲ လို့ မေးတော့ ..

ကျောင်းသူ ကျောင်းသားတွေက အပေါ်ဆုံး အီကွေးရှင်း မှားနေလို့ လို့
ဖြေကြပါတယ် ..

ဆရာက
ဒီအမှားကို ဆရာ အကြောင်းရှိလို့ တမင်ရေးလိုက်တာ လို့ ပြောပါတယ် ..

ကျောင်းသူ ကျောင်းသားတွေက ,
အသက်ငယ်သူတို့ ထုံးစံအတိုင်းပါပဲ ..
မိမိထက်အသက်ကြီးသူတွေ အမှားလုပ်မိရင် အထင်သေးတတ်သလို ..
လူကြီးဖြစ်ပြီး ဒါလေးတောင် မသိဘူးလား ..
လူကြီးဖြစ်ပြီး ဒါဟာ မှားစရာလား ..
စတဲ့ မိမိကိုယ်ကို အထင်ရောက်ပြီး ဆရာကို အထင်သေးတဲ့အတွေးမျိုးနဲ့
ရယ်ကြတာ ..
ဆရာက အကြောင်းရှိလို့ ဒီလိုရေးတာဆိုတော့ ..
အရယ်ရပ်ပြီး တွေပြီး ကြည့်နေကြပါတယ် ..

ဆရာက
ခု ဒီမှာရေးထားတာမှာ ၁၀ ခုက အမှန်ဖြစ်နေပေမယ့် ,
မင်းတို့ မချီးကျူးကြဘူး ,
မှားတဲ့ တစ်ခုပေါ်မှာပဲ မင်းတို့ အပြစ်မြင်နေကြတယ် ,
မင်းတို့ကို အသိတရားတစ်ခု ပေးခြင်လို့ ဒီလိုရေးတာ ..
မင်းတို့ ရင်ဆိုင်ရမယ့် အပြင်ကမ္ဘာကြီးဟာ ဒီအတိုင်းပဲ ,
မင်းတို့ အမှန်တွေ အကြိမ်တစ်သန်းလုပ်ထားလည်း
ကမ္ဘာကြီးက မင်းတို့ကို အသိအမှတ်မပြုဘူး ..
မင်းတို့ တစ်ကြိမ် အမှားလုပ်လိုက်တာနဲ့ ,
တကမ္ဘာလုံးက ဝိုင်း အပြစ်ဖို့ကြလိမ့်မယ့်မယ် ,
တကမ္ဘာလုံးက ဝိုင်းရယ်ကြလိမ့်မယ့် ..
အဲဒီလို အပြစ်ဖို့သူတွေ ဝိုင်းရယ်သူတွေကို ကျော်လွှားဖို့
မင်းတို့မှာ ခွန်းအားရှိဖို့ လိုတယ် .. လို့
သင်ခန်းစာ ပေးလိုက်ပါတယ် ..

. image