ခွေးလေးတွေကိုအစာကျွေးရင်းနဲ့ ....
"စားရတာအဆင်ပြေလား...
အဆင်ပြေရင်လက်ခုပ်သံလေးကြားချင်ဒယ်"
သွားပြောတော့ခွေးတွေကကိုယ့်စကားကို
ဘယ်နားလည်လိမ့်မတုန်း။
"သူတို့ကိုလဲရှယ်ကျွေးရသေးဒယ်..နာ့စကားကျတော့အရေးတောင်မလုပ်ဘူး...ဟင်း"။
ခွေးအကြောင်းပြောနေရင်းနဲ့..ဟို သွားသတိရတယ်
ဘယ်သွားလဲဆိုတော့နှုတ်လိုက်တဲ့"အံသွား"
အဲလေ...ဟုတ်ပေါင်
ဟိုတလောတုန်းကလဲ..
တတိုက်ကျော်ကညီမလေးတယောက်
တွေ့တာနဲ့အတင်းခေါ်ပြီးသူ့အိမ်လာလည်ခိုင်းလို့
အားနာပြီးလိုက်သွားမိပါတယ်
သူ့အိမ်ရှေ့တည့်တည့်ရောက်တော့ခွေးနှစ်ကောင်
တကောင်နဲ့တကောင်သွားဖြဲပြနေတာ
အချင်းချင်းပြုံးပြနှုတ်ဆက်နေတယ်မှတ်တာ
သူတို့နားကျမှ....ဂွမ်းဂွမ်းဂွမ်းဆို....လုံးထွေးပြီးကိုက်ကြပါလေရော
ကိုယ်လဲဘယ်ပြောကောင်းမလဲကြောက်အားလန့်အားနဲ့ပြေးတာဖိနပ်တဖက်တောင်ကျွတ်ကျကျန်ခဲ့တယ်
ကျန်တဲ့ဖိနပ်လေးပေးရင်းအိမ်ရောက်လာတဲ့ကောင်မလေးက
"မမကိုခွေးတွေမာန်ဖီနေလို့ညီမကဒီဖက်ကလာဆိုပြီးခေါ်နေတဲ့ကြားကမမကသူတို့နားကပ်သွားလိုက်တာကိုး"တဲ့
"သိဘူးလေ..ညီမလေးပြောသံလဲမကြားလိုက်ဘူးခွေးနှစ်ကောင်ကလဲအချင်းချင်းသွားဖြဲပြနေတော့ပြုံးပြနှုတ်ဆက်နေကြတာမှတ်လို့"
ဆိုတော့ကောင်မလေးခမျှရီလိုက်တာဆိုတာ
အူတောင်နာတယ်ဒဲ့လေ။
သြော်....ငါ့နှယ်
အသက်ကြီးလာတော့စိတ်ဂယောင်ချောက်ချား
ဖြစ်ပြီးအသိမှားကုန်တာလားမသိ။
ပြောကိုမပြောချင်တော့ပါဘူးအေ။