သူက မင်းလို မဟုတ်ဘူးလေ ။ မင်း ချစ်သလို မချစ်ဘူး။
မင်း လွမ်းသလို လွမ်းမနေဘူး။
မင်း အလေးနက် ထားသလို အလေးနက် မထားဘူး။
ပွင့်ပွင့်လင်းလင်းပြောရရင် မင်းကို သူ့ စိတ်ထဲမှာ
(လုံးဝ) မရှိဘူး။
မင်း ချစ်တိုင်း မင်းကို တန်ပြန်သက်ရောက်ပြီး
ချစ်လာမှာလည်း မဟုတ်ဘူး။
မင်း မျှော်လင့် စိတ်ကူး ထားတဲ့ အတိုင်း ဖြစ်လာဖို့လည်း မရှိဘူး။
သနားချစ်လည်း ချစ်ဖို့ မပြောနဲ့ သံယောဇဉ်လည်း
ဖြစ်မလာနိုင်ဘူး။
ဘာလို့လဲ ဆိုတော့ သူမှ မင်းကို မချစ်တာ ။
အားနာလို့ ၊ မတတ်သာလို့ မင်း ကို အဖက်လုပ်နေမှာပဲ
ရှိတယ် ။
မင်းဘာကို ဆက်မျှော်လင့်နေအုံးမှာလဲ ။
ဘာကို ဆက်ပြီး တွယ်ကပ်နေမှာလဲ။
ဘာတွေ ထပ်ပြီး အရှက်သိက္ခာတွေ ကျခံနေအုံးမှာလဲ ။
(အနည်းဆုံး ဘယ်သူ့ ကိုမှ မရှက်တောင်
မင်းကို မင်း ပြန်ရှက်သင့်ပြီ)
ကိုယ့်နှလုံးသား ကိုယ် ဒုက္ခမပေးပါနဲ့တော့။
ကိုယ့်စိတ်ကိုယ်ကိုယ် မရက်စက်ပါနဲ့တော့။
စိတ်ကူးယဉ်နေတာတွေ ရပ်ဖို့ သင့်ပြီ။
သူက မင်းလို မဟုတ်ဘူးလေ။
အဆုံးအစွန် ပြောရရင် သူ မင်းကိုချစ်လာမှာ
မဟုတ်ဘူး။
photo-google