ကျနော်လည်း ကျောင်းဆရာ စဖြစ်တော့ အမက ထိန်ပင်ကား ၊အရာတော်မြို့နယ်။
ကျောင်းအုပ်ဆရာမကြီးက ဒေါ်ခင်စန်ဝင်း။ကိုယ်ဝင်ဆောင်ခွင့်ယူထားလို့စရောက်ရောက်ချင်း မတွေ့ မမြင်လိုက်ရ။သူငယ်မှလေးတန်းအထိ တယောက်တည်း။ဝုန်းဒိုင်းကြဲ အတန်းထိန်းလိုက်ရ စာသင်လိုက်ရ။နေ့စဉ်နှင့်အမျှ ဖတ်ဖတ်ကို မောလို့၊နားချိန်မရ။လက်ထောက်လည်းကျနော် ကျောင်းအုပ်လည်းကျနော်။စာရင်းဇယားက မလုပ်တတ်။စစ်ဆေးရေးလာတော့ ကိုယ့်ဆရာမို့တော်ပါသေး။အားလုံးသင်ပြသွားတယ်။ဆရာကြီးဦးအောင်မြင့်ပါ။ဤပို့စ်နဲ့ကန်တော့ပါတယ်ဆရာ။
ငါကွဆရာ
ကျွန်တော် ကျောင်းဆရာပေါက်စဘဝ ပထမဆုံး လက်ဦးဆရာက ဟိုး တောနယ်လေးက ဆရာကြီး ဦးမြအောင်။ ဆရာကြီးက မူလတန်းကျောင်းအုပ်။ ကျွန်တော်က လက်ထောက်ဆရာ။
“ဆရာ ကျွန်တော့်ကို ကျောင်းဆရာ ဖြစ်အောင်သင်ပေးပါ”
“အိမ်း … သင်ပေးရမှာပေါ့။ မင်း ကျောင်းဆရာ ဖြစ်မဖြစ် အများကြီး စမ်းစရာ မလိုပါဘူး။ သုံးချက်နဲ့ စမ်းရင် လုံလောက်ပါတယ်”
“ဟုတ်ကဲ့ပါဆရာကြီး အမိန့်ရှိပါ”
(၁) ပင်လယ်ထဲ လက်ပစ်ကူးကွာ
(၂) တောင်တက်ကွာ
(၃) ခရီးထွက်ကွာ
“ဆရာကြီးခင်ဗျား ဆန်းလှပါတယ်။ ကျွန်တော့်ကို ရှင်းပြပါ။ ရေကူးနည်း၊ တောင်တက်နည်း၊ ခရီးထွက်နည်း လေးများ”
“ပထမဆုံး သင်ခန်းစာ (၁) ပင်လယ်ထဲ လက်ပစ်ကူးရအောင်။ ကဲ … ကျောင်းမှာ မင်းတစ်ယောက်တည်း သင်ပေတော့”
ဆရာကြီးက လူရွတ်ကြီးကလည်းဖြစ်။ ပြန်လည်းမပြောရဲ။ မူလတန်းကို သူငယ်တန်းကနေ စတုတ္ထတန်းအထိ တစ်ယောက်တည်းသင်ရ။ ကလေးတွေကငို၊ သေးတွေကစို၊ အီးအီးတွေကပါ၊ ရန်တွေကဖြစ်၊ သူငယ်တန်းမှာ ငြိမ်မယ်လို့စ၊ ဒုတိယတန်းမှာ နောင်ဂျိန်ချ။ တောင်ကိုပြေးရင် မြောက်ကဆူ၊ အရှေ့ကိုပြေးရင် အနောက်ကပူ။ အောင်မယ်လေး သေသာသေလိုက်ချင်တော့။ ကျောင်းခန်းမကြီးတစ်ခုထဲမှာ အရပ်လေးမျက်နှာ ပြေးနေရတဲ့ ဆရာလေးဘဝကို မြင်သာကြည့်ပေါ့။
ဒီလိုနဲ့ တစ်နှစ်ကုန်တော့မယ်။ မေ့မေ့ပျောက်ပျောက်ဖြစ်နေရာက
“ဆရာကြီး”
ဟေလကွာ
“ကျွန်တော့်ကို ပင်လယ်ထဲ လက်ပစ်ကူးခိုင်းခဲ့တာ မှတ်မိသေးလား”
“မှတ်မိသားပဲ”
“ကျွန်တော်ကူးနိုင်ပြီလား။ ဆရာဖြစ်ပြီလား”
“အင်း … မင်း တောင်တက်လိုက်ဦးကွာ”
“ဘာလုပ်ရမှာလဲဆရာကြီး”
ဟောဒီမှာ ရုံးစာတွေရေး၊ လစာထုတ်ဖို့ ဘီလ်ဆွဲ၊ သင်နည်းမှတ်စုရေး၊ ကျောင်းခေါ်ကြိမ်သွင်း၊ စာမေးပွဲ မေးခွန်းထုတ်၊ အဖြေလွှာတွေစစ်၊ အောင်စာရင်းထုတ်ကွာ
အလိုလေး သက်သာမလားလို့ ဆရာလုပ်ပါတယ်။ ကျောင်းမှာလည်း စာတွေရေး၊ အိမ်ကိုလည်း စာအုပ်တွေယူ၊ ဇယားတွေဖြည့်၊ စာရင်းတွေသွင်း။ မေးခွန်းကလည်းထုတ်။ လေ့ကျင့်ခန်းတွေလည်းစစ်။ အဖြေလွှာတွေကို စစ်ဆေး။ အောင်စာရင်းထုတ်။ မောလိုက်တာ
ဒီလိုနဲ့ ကျောင်းပိတ်ပြီး အိမ်ပြန်ရတော့မယ်လုပ်တော့
“ဆရာကြီး ကျွန်တော် တောင်တက်ပြီးပြီ။ ဆရာဖြစ်ပြီလား”
“အလိုဗျာ … ကျောင်းဆရာဆိုတာ မြေဖြူကိုင်တတ်ရုံနဲ့ ဖြစ်သလား ခရီးထွက်ဦး”
မြို့ကိုပြန်ရောက်တော့ မွမ်းမံသင်တန်းတဲ့ တက်လိုက်ရတာ။ တစ်ခုပြီးတစ်ခု။ မပြီးသေးဘူး။ မူလတန်း ဆရာဖြစ်သင်တန်းတဲ့။ တစ်လဆိုတော့လည်း သွားတက်။ တစ်လပြီးတော့ တစ်လသင်တန်း တက်ပြီးသူများ တစ်နှစ်သင်တန်းတက်ရန် ဆိုတော့လည်း ထပ်တက်။ ထွက်လိုက်ရတဲ့ခရီး။
ဒီလိုနဲ့ သင်တန်းဆင်းလာ။ တာဝန်ကျတဲ့ရွာကို ပြန်ရောက်။ ဆရာကြီးကို သင်တန်းဆင်းလက်မှတ်လေး ပြပြီးတော့
“ဆရာကြီး ကျွန်တော် ဆရာဖြစ်ပြီပေါ့နော်။ ဒီမှာ သင်တန်းဆင်းလက်မှတ်ရလာပြီ”
“ကိုတင်ညွန့် … တကယ်တော့ ခင်ဗျား ခရီးမထွက်ခင်ကတည်းက ဆရာဖြစ်နေတာပါ”
“ဘယ်လိုလဲဆရာကြီး နားမလည်လို့ပါ”
“ခင်ဗျား ကျောင်းသားပင်လယ်ကြီးထဲကိုလည်း မရွံမရှာ၊ မပင်မပန်းလက်ပစ်ကူးနိုင်ခဲ့ပြီးပြီ။ စာရွက် စာတမ်း စာအုပ်တွေဆိုတဲ့ တောင်ကြီးကိုလည်းအောင်မြင်စွာတက်နိုင်ခဲ့ပြီးပြီ။ အဲဒီအချိန်ကတည်းက ခင်ဗျားဆရာ ဖြစ်နေတာပါဗျာ” တဲ့
(သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဦးခိုက်လျက်)
My teacher can not be sustained, but the township.
Principal district Khin San Win foot. င့့် ordered tons of the child could not see out. v. tantrums and teaching classes. read read daily, time is not supported. my school does not love. statistics. ကိုယ့် almost a guru to show you all... For this post.
! [Image] (
I
The teacher first teacher in life Long, U Mya Aung. Elementary school students. I am an assistant teacher.
"My teacher taught to make"
"Houses ... We must teach. You do not need a lot of teachers, whether trial. Adaptable enough to try "
And said, "Yes Master"
(1) Therefore long sea
(2) for climbing
Long trip (3)
"Master, you're just fine. Please explain me. Swimming Hiking, Small travel ထွက်နည်း "
"The first lesson (1) Let's crawl sea. Now, the school, you risk alone "
He also serves as a mortar. Do not talk back. One primary school from kindergarten to fourth grade. Children are crying, Still wet, E e, To It would still in kindergarten, The second to come to blows. If you run a fat, If you run to the east-west route. I want ecstasy. And ran toward the place in a school hall Attention to detail visible life.
So it's going to end a. Mama lost lost
"Master"
For Greece
"Do you remember what I was forced to crawl the sea"
"Remember"
"I can swim. Are teachers "
"Well, for hiking ..."
"ဘာလုပ်ရမှာလဲ Master"
Here, letters Office Draw to issue a salary bill, Note for you, Class attendance, Exam questions, The answer booklet, For results
The relief comes cervix. At school, write letters, Home Books, Complete Schedule List. Question. Many exercises. Check the answer paper. Results. မောလိုက်တာ
So off and go home from school was arranged
"He has been climbing. Are teachers "
"I want to say ... with a teacher holding a white ground travel"
I have returned to the city attended a refresher course. Series. Butler. Primary Teacher Training. A month or so. Month Month year attended training courses at getting up again. Just travel.
I graduating. Assignment back to the village. He then certificate
"He is able. Getting the certificate here "
"Shoots ... In fact, you can travel before the teacher's doing it"
How is the "Master နားမလည်လို့ပါ"
"You rejected the student in the sea မပင်မပန်း have been able to crawl. Documents, books, mountains have successfully been able to attend. Since then, you already know "
(မြင်ဆရာ attacks, teachers)
by-@masterbcc
photogoogle