ဆူးတွေနဲ့ . Rose

Words
30
Reading
1 min
Listen
Play
9y

နှင်းဆီ ......

ဘယ်ဖက် ရင်ဘတ်ပေါ်မှာ
ငွေမဲ့နေတဲ့ ပြားချပ်ချပ်
အိပ်ကပ်တလုံး ......

ယုံကြည်ရင် ခိုလုံခွင့်ပေးနိုင်တဲ့
တပတ်ရစ် နှလုံးသားတစုံ
သုံးမကုန်တဲ့ မေတ္တာတရားတွေနဲ့ပေါ့ ......

ဒါပါဘဲကွယ် .......

သိပ်အများကြီး မျှော်လင့်မထားပါနဲ့ နှင်းဆီ
ဘဝကမတူ အသွင်မူတွေက ကွဲနေလို့
လာခဲ့စမ်းပါလို့လဲ လက်ရပ်မခေါ်ရဲပါဘူး
မဝံ့မရဲနဲ့တော့ တိတ်တခိုးလေး
မျှော်လင့်ခွင့် ရှိနေပါရစေလားလေ ......
image