စားခဲ့ လေသည်

Words
199
Reading
1 min
Listen
Play
8y

သူငယ်ချင်းက အိမ်လည်လာဖို့ပြောတယ် ။ သူ့နာမည်က မိုးသူဖြစ်လေသည်။
သူနဲ့ ကျနော်နဲ့ မတွေ့ဖြစ်တာ ၂နှစ်ကျော်ပြီမို့ စီးပွားရေး လူမှုရေး ဘာညာလေး ဆွေးနွေးမလို့ သွားလိုက်လေသည်။ မိုးသူက နေပြည်တော် ပုဗ္ဗသီရိမြို့မယ် နေတာဆိုတော့ နေပြည်တော်မြို့မ ဈေးက ကားနဲ့ သွားရင် ၁နာရီတော့ မောင်းရလေသည်။မိုးသူလည်း ဆောက်လုပ်ရေး အလုပ်နဲ့ မုံရွာသွားလိုက် မန္တလေးဆိုဒ် သွားလိုက်နဲ့ အလုပ်မအားသူဖြစ်လေသည်။
ဒီနေ့တော့ သူလည်းပြန်ရောက် ကျနော်လည်း သွားစရာ ၃နေရာဖြစ်နေလေတော့
မိုးသူအိမ်အရင်သွားလိုက်လေသည်။ အလုပ်တွေပင်ပမ်းလည်း ဝနေလျက်ပါဘဲလေ။သူ့သာ ပြောရတာ ကိုယ်လည်း beerသောက်လို့ ဗိုက်တောင် ထွက်လာသေးပေကို ဟိ။သူရဲ့ မိသားစုနဲ့ အစားစားချိန် ကြုံနေလေတော့ ကြံကြံဖန်ဖန် ချက်ထားတာလေး စားရလေတော့သည်။

image
မုန့်တီကို ထောင်းထားသည်။ ကုလားအော်သီး ဖြင့် ရှယ် စပ်အောင်လုပ်ထားသည်။ခရမ်းချဉ်သီး ပန်းဂေါ်ဖီနဲ့မို့ တအားဆွဲလိုက်လေတော့သည်။သူငယ်ချင်းနှင့် မဆုံဖြစ်တာ ကြာပေမယ့် ဖုန်းတော့ပြောဖြစ်လေသည်။facebookမယ် တော့ မကြာမကြာပြောဖြစ်လေသည်။ ဆောက်လုပ်ရေး အလုပ်က မအားတော့ အခြားစီးပွားရေး လုပ်ဖို့ ကျနော်က ပြောလိုက်သည်။
မိုးသူလည်း internet အသုံးပြုသူမလို့ steemit မယ် postတင်ဖို့ steem coin ရဖို့ ရင်းထားရင် မြတ်မယ် ဘာညာ ပြောဖြစ်ပြီး အကောင့်ပါ ဖွင့်ပေးခဲ့လေတော့သည်။ အေးဆေး စကားပြောကြပြီး သိုက်ချောင်းက သူငယ်ချင်းဆီ သွားစရာရှိလို့ မိုးသူအိမ်မှ သိုက်ချောင်းက မိတ်ဆွေ ထွန်းကျော်ဆီ ကားဖြင့် ဆက်သွားရလေတော့သည်။

image

ထွန်းကျော် အိမ်သို့ ရောက်သော် ရေနွေးကြမ်းဖြင့် ဧည့်ခံ လေတော့သည်။ ပဲခြမ်းက ကျွတ်ကျွတ်လေးမို့ စားလို့ကောင်းပေတော့သည်။ ထွန်းကျော်က အလုပ်တော့ သိပ်မများ ပေ။ ဝန်ထမ်း တွေ ဆိုတော့ ရုံးပိတ်ရက်ဆို တနေကုန် အားပေသည်။
ကျွန်တော်လည်း ပိတ်ရက်မလို့သွားလိုက်တာ ကွက်တိဖြစ်နေလေတော့သည်။
သူငယ်ချင်း မိသားစုလည်း နေကောင်းပြီး အဆင်ပြေကြလို့ ပျေ်ရွှင်မိပါပေသည်။
သူလည်း internet အသုံးပြုသူဆိုတော့ steemit မယ် အကောင့်ဖွင့် post တင်ဖို့ အဓိက ပြောမိလေသည်။
ထွန်းကျော်လည်း ကျနော်ပြောတာ သဘောကြလို့ အကောင့်ဖွင့်ပြီး အဆင်သင့် လုပ်ထားလေတော့သည်။ steem dolar များ လိုချင်ကြသူတွေများနေပေတော့သည်။အေးဆေး စကားပြောပြီး စားသောက်ဆိုင်က ကိုဌေးဆီ ဆက်သွား ခဲ့လေတော့သည်။

image

ကိုဌေးက စားသောက်ဆိုင် ဖွင့်ထားပြီး တအားရောင်းရလေတော့သည်။ သူ့ဆိုင်မယ် အစားအသောက် ကောင်းလို့ လူအများက အားပေးကြသူဖြစ်လေနေတော့သည်။ အာလူး ငါးဖယ် လိပ်ကြော် မို့ တအား စားခဲ့ လေတော့သည်။ အရသာ တကယ်ရှိလို့ သိုက်ချောင်းမယ် ကိုဌေး ဆိုင်က ရှယ် ဖြစ်နေလေတော့သည်။
စကားလေး အေးဆေးပြောဖြစ်သည်။
internet ကျွမ်းကျင်စွာ အသုံးပြုလို့ steemit အကြောင်းရှင်းပြခဲ့လေသည်။
စီးပွားရေးဆိုတာ ရေ ရှည် plan ဖြစ်လို့ သူတအား သဘောကြနေသည်။ steem coin ဝယ်ပြီး steem power ဝယ်မည်ဟု ဆုံးဖြတ်နေလေတော့သည်။ ကျနော်လည်း စားစရာ တွေဠအကုန်စားပြီး အိမ်သို့ ပြန်လာခဲ့ ပေလေတော့သည်။

စားခဲ့ လေသည် | Ecency