ပဲ့တင်သံရဲ့ . .

Words
168
Reading
1 min
Listen
Play
9y

တရုတ်ပုံပြင်ထဲမယ် အခုလိုတချို့ရေးသားထားကြဟန်လေး
တစ်ခါက သားအဖနှစ်ယောက် တောတွင်း
တောင်ကြားလမ်းလေးတစ်ခုအတိုင်းခရီးတစ်ခုကို ထွက်ခဲ့ကြတယ်။
တနေရာအရောက်မှာ သားဖြစ်သူက ခလုတ်တိုက်မိပြီး ခြေချော်လဲကာအရမ်းနာသွားတဲ့အတွက် “အား ” လို့အော်လိုက်တယ်။
အဲ့မှာတင် ကောင်လေး အရမ်းအံ့သြသွားတာက
သူအော်သလို “ အား ” လို့ ပြန်အော်လိုက်တဲ့
အသံကြား လိုက်ရလို့။
ဒါနဲ့ ကောင်လေးက “ ဘယ်သူလဲ” လို့ပြန်အော်မေးလိုက်တယ်။ဒါပေမဲ့ ပြန်ဖြေလာတာကလည်း "ဘယ်သူလဲ "တဲ့။
ကောင်လေးလည်း နည်းနည်း ဒေါသထွက်လာပြီး
ဟေ့ကောင်ငါမေးနေတာမင်းကိုကွ ” လို့
အားကုန် အော်လိုက်တယ်။အဲ့ဒီအသံရှင်က
လည်း “ ဟေ့ကောင်ငါမေးနေတာမင်းကိုကွ ” လို့ပြန်အော်လာပြန်ရော။ကောင်လေးဟာ
ဒေါသပိုထွက်လာတာနဲ့
“မင်းကဘာကောင်လဲ ဘယ်လောက်မိုက်လို့လဲ ”ဆိုတော့ဟိုကလည်းပြန်ဖြေလာတာ “မင်းကဘာကောင်လဲ ဘယ်လောက်မိုက်လို့လဲ ” တဲ့။
ဒါနဲ့အလန့်တကြားနဲ့ သူ့အဖေကို မျက်လုံးအပြူးသားလေးနဲ့မော့ကြည့်ပြီး “ အဖေ အဲ့ဒါဘာဖြစ်တာလဲ ” တဲ့။
အဖေက သူ့သားကို ပြုံးပြ ပြီး “သားလေးကို အဖေပြမယ် ကြည့် ” ဆိုပြီးတော့ တောင်နံရံဖက်ကိုလှည့်ပြီး “ ကျွန်တော်သင့်ကို ခင်ပါတယ် ” လို့ အော်တယ်။
အဲ့ဒီ အသံ ကလည်း “ ကျွန်တော်သင့်ကို ခင်ပါတယ် ” လို့ ပြန်အော်လာတယ်။
ကောင်လေးရဲ့ အဖေကလည်း ထပ်ပြီးတော့ “ သင်ဟာ အရမ်းသဘောကောင်းတယ် ”ဆိုတော့ အဲ့ဒီ အသံ ကလည်း “သင်ဟာ အရမ်းသဘောကောင်းပာတယ် ”
လို့ ပြန်အော်လာရော...့ပြန်အော်သံကို နားထောင်ပြီး ကောင်လေးဟာ အူကြောင်ကြောင်ဖြစ်နေတယ်။

အဖေလုပ်တဲ့သူက သူ့သား ကို ကြည့်ပြီးတော့
"အဲ့ဒါကို ပဲ့တင်သံလို့ခေါ်တယ်သားရဲ့။
ကိုယ့်ရဲ့အသံက ဟိုးက တောင်နရံတွေနဲ့တိုက်ပြီး ကိုယ့်ဆီပြန်လာတာ။

ဒါပေမဲ့ တကယ်တမ်းတော့ အဲ့ဒါဟာ “ ဘဝ ” ပါပဲ။
ဘဝဆိုတာ ကိုယ်ပေးလိုက်တဲ့ အရာတွေကို ကိုယ့်ဆီပြန်ပေးတာပါပဲ။
ဘဝဆိုတာ ကိုယ်လုပ်လိုက်သမျှ ပြန်လိုက်လုပ်တတ်တဲ့ ရောင်ပြန်မှန်လိုပါပဲတဲ့။

" လူတွေရဲ့ချစ်ခြင်းကို လိုချင်တယ်ဆိုရင် ကိုယ့်ဆီကချစ်ခြင်းတွေ ထုတ်ဖော်ပြီးပေးရမယ်""လူတွေရဲ မေတ္တာ ဂရုဏာတွေရရှိချင်တယ်ဆိုရင် လူတွေအပေါ် မေတ္တာများများထားပေးရမယ်။
ကိုယ့်ကို လူတွေကနားလည်ပေးပြီး လူတကာကလေးစားစေချင်ရင် ...ကိုယ်ကလည်းလူတကာ ကိုအရင်ဆုံး နားလည်ပေးတတ် ပြီး လေးစားတတ်ရမယ်

။သေသေချာချာ မှတ်ထားရမှာက လောကကြီးဟာ ကိုယ်ကပေးလိုက်တဲ့ အရာတွေကို ကိုယ့်ဆီကို အစီစဉ်တကျ ပြန်ပေးတတ်တယ် ဆိုတာပါပဲ။

ဘဝမှာဖြစ်ပျက်လာသမျှတွေဟာ တိုက်ဆိုင်လို့ မတော်တဆဖြစ်တာ မဟုတ်ပါဘူး။ကိုယ်ကသူများကိုဝေဖန်ကဲ့ရဲ့ခဲ့ရင် ကိုယ့်အလှည့်လည်းပြန်ရောက်လာတာပဲ..ဒီကနေ့ကိုယ်ရရှိနေတဲ့ လူတွေရဲ့ ချီးမွန်းမူ့ ပြစ်တင်ရှုံချမူ့တို့ဆိုတာ ကိုယ့်ဆီပြန်လာနေတဲ့ ကိုယ့်အပြုအမူတွေရဲ့ပဲ့တင်သံတွေပဲ...

image
photo google

ပဲ့တင်သံရဲ့ . . | Ecency