ညီမကိုချစ်ရင်-ညစာစားသွားပါလား#

Words
438
Reading
2 min
Listen
Play
8y

" လာ - - သယ်ရင်း မင်း တို့ရပ်ကွက်ထဲ ရောက်တုန်းရောက်ခိုက်လေး ဆော်ချောလေးအိမ် လိုက်ပို့မယ် "
ဖြစ်ပါ့မလားကွာ
ဖြစ်ပါတယ်ကွ တို့ဆီက ဧည့်သည်လာရင် မသိလည်း ရိုက်မထုတ်တတ်ပါဘူး ဧည့်ဝတ်ကျေအောင် ဧည့်ခံကြပါတယ်ကွ "
" အဲ့တာဆိုရင်လည်း သွားကွာ "
" လာ - - ရှေ့ကအိမ်ပဲ "

ဒေါ်လေး ဒေါ်လေးရေ အလည်လာတယ်ဗျို့ "
ဒေါ်လေးရေ - - "
ဟေ - - လာပြီ နင်တို့ခေါ်တာနဲ့ ချီးကို ပြီးအောင်မပါခဲ့ရပါဘူးအေ "

အော် - - သူ ချီးပါတာပြီးမပြီးကို အရင်သိအောင် စုံစမ်းထားရမလိုဖြစ်နေပြီ - - အိမ်သာထဲဆိုတော့ ကိုယ်မှ မမြင်ရတာ - -

" သမီးရေ - - "
" ရှင် အမေ "
အးကွယ် လာပါဦး ခဏ "
" လာပြီအမေ ဒီမှာ နှစ်ပင်တည်းကျန်တော့တာ "
" ဟဲ့ - - ဘာတုန်းဟဲ့ "

လခွမ်း ဘာတုန်းဟ - - ဘာမွှေးတွေနှုတ်နေတာပါလိမ့် - -

" ဟို - - ဂျိုင်းမွှေးနှုတ်နေတာပါ အမေရဲ့ ပြီးပြီ "
တော်ပါသေးရဲ့ - - "
အေး အေး လာပါဦး ဒီမှာ နင့်အကိုတို့စားဖို့ ကြောင်အိမ်အောက်က ထိုးမုန့်ယူခဲ့ပါဦး "

အမ် ကြောင်အိမ်ပေါ်ကလည်း မဟုတ်ဘူး - -

" ဟုတ် အမေ ဒီမှာ ပုရွှက်ဆိတ်တွေ တက်နေတယ် "
အေး မီးခဏကင်လိုက် "
" မီးက သေနေပြီအမေရဲ့ "
" ဟုတ်လား အဲ့တာဆို ခဏနေက ခွင်ပေါ်က ချထားတဲ့ ဝက်စာအိုးပေါ်တင်ထားလိုက် ပူသေးတယ် အဲ့တာ "

စားရမှာတောင် ပါးစပ်တွေ ကျိန်းလိုက်တာ - -

" ကဲ - - ရပြီကွယ် စားကြ အဲ့ဒီမှာ "
" ဟုတ် ဒေါ်လေး "
" ဟို - - ဖဲ့မရဘူး ဖြစ်နေတယ် အဲ့တာ - - "
အော် အေး အေး သမီးရေ ဝက်သားခုတ်တဲ့ ဓါးမကြီး ယူခဲ့ပါဦးကွယ် "
တော်ပြီ ရတယ် - - ရတယ် ဒေါ်လေး ဒီတိုင်းပဲ ဝါးရသလို ဝါးတော့မယ် "

ဒီထိုးမုန့်စားမယ့်အစား ကြက်ပေါင်ဖိနပ်တာ ပြေးကိုက်ချင်တယ် ငါနော် - -

" အကိုတို့ စားခဲ့ကြပြီလား "
" ဟုတ် "

ဟင် - - ကောင်မလေး အောက်စလွှတ်နေတာပါလား - -

ဒေါ်လေး - - ဒေါ်လေး ဒေါ်လေးသမီးကို ကြည့်ပြောပါဦး "
" အမယ် ဘာလဲ ငါ့သမီးလှတာကို ပြောမလို့မို့လား သိပါတယ် "
" အမ် မဟုတ် - - မဟုတ်ဘူး ဒေါ်လေးရဲ့ ဒေါ်လေးသမီး အောက်ကပေါ်နေတယ်ပြောတာ "
" ဟင် - - သမီး နင်ဘယ်လိုထိုင်နေတာလဲ အဲ့တာ "
" ဟီး - - ကန်တော့နော် အကိုတို့ကလည်း ညီမကို မပြောဘူး ဟွန်း ဒါမဲ့ ဘောင်းဘီတော့ပါပါတယ် "
" အဝါရောင်လေးမလား "
" ရှင် "
နှင်းဆီပွင့်လေးတောင်ပါသေးတယ်
" ဟမ် မဟုတ် - - မဟုတ်ပါဘူး ဟို ယောင်သွားလို့ အလကားပြောတာ ဘာမှမြင်ဘူး "

" ဟို - - အမေ သမီး ခုမှ သတိရတယ် ခဏနေက အိမ်သာတက်တာ ရေမရှိလို့ ဒီတိုင်းထားခဲ့တာ ခု ရေသွားထည့်လိုက်ဦးမယ် "

" ဖြီး - - ဖူး "
ဖြည်းဖြည်းစားပါ သားတို့ရယ် နင်သွားတာလား ဒေါ်လေး ရေခပ်ပေးမယ် ခဏ "
" ဟုတ် ဒေါ်လေး "
" ဟဲ့ ဒီက သောက်ရေအိုးက ရေခွက်တွေ ဘယ်ရောက်ကုန်တာလဲ အဲ့တာ "
" အမေ ဒီမှာဗျို့ - - အငယ်ကောင် ရေခွက်တွေထဲ ဖုန်တွေထည့်ဆော့နေတယ် "
နေဦး - - နေဦး ဒီကောင်လေးတော့ ပေး - - ပေး ဒီမှာ နင့်အကိုတို့ကို ရပ်ခပ်တိုက်ရဦးမယ် ပြီးမှဆော့ "

ခံစမ်းဟ အဲ့တာမှ - -

" သမီး နင့်အကိုတို့ ညနေစားဖို့ ဟင်းကို လမ်းထိပ်နားက သွားဝယ်လိုက်ဦး "
" အင်း အမေ ဘယ်ဆိုင်က ဝယ်ရမှာလဲ "
အော် နင်ကလည်းဟယ် နေ့တိုင်းဝယ်နေကျကို မသိဘူးလား ဖိနပ်ချုပ်တဲ့ကုလားဆိုင်လေ "
" ဗျာ - - ဖိနပ်ချုပ်တဲ့ကုလားဆိုင်"
အော် - - ဒီလိုပါကွယ် သူက ဖိနပ်ချုပ်ရင်း ထမင်းဟင်းရောင်းတာလေ ဆိုင်ကိုတွဲဖွင့်ထားတာ "

ဒေါ်လေး - - ဟို - - ဟိုလေ ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်နော် "
နေပါဦး ငါ့တူတို့ရယ် ညနေစာစားပြီးမှပြန်ပါ ဟိုမှာ နင့်ညီမလည်း အိမ်သာအနောက်ဘက်က အလေ့ကျပေါက်တဲ့ ကန်စွန်းရွက်တောင် ခူးနေပြီကို "
" ရ - - ရတယ် ဒေါ်လေး မစားတော့ပါဘူး သွားလိုက်ဦးမယ်နော် "
ကောင်လေးတို့ ညစာကော မစားကြတော့ဘူးလား ဒီထိုးမုန့်လေး ယူသွားပါဦးလား "
" အိ - - တော်ပီဂျ ဗိုက်ပြည့်နေလို့ သွားပြီ နောက်လည်းမလာတော့ဘူး - - ဟုတ်ပေါင် နောက်မှ လာခဲ့မယ်ပြောတာပါ - - "
" ဟဲ့ - - ဟဲ့ ကောင်လေး ဒီမှာ ဦးထုပ်ကျန်ခဲ့ပြီ အမ် ဟင် - - ဘယ်ရောက်သွားကြပါလိမ့် မြန်တာ ငနာလေးတွေ - - "
image

photo-google

ညီမကိုချစ်ရင်-ညစာစားသွားပါလား# | Ecency