မုန်တိုင်းရယ် . မိုးရယ်

Words
67
Reading
1 min
Listen
Play
8y

image

မြန်မာလ ၁၃၈၀ ခုနှစ် နယုန်လနှင့်ဝါဆိုလ တို့မယ် မုန်တိုင်းနှင့် မိုးရေကြီးမှုများ မြစ်များနှင့် တောင်ကျရေချောင်းများမယ် ဒုက္ခအကြီးအကျယ် ရောက်ကြပေတော့သည်။ သဘာဝရဲ့ ရာသီဥတုကြောင့် မိသားစုများနှင့် အိမ်မွေးတိရစ္ဆာန်များစွာ အစားသောက်နှင့် နေရာအိမ်များ ဒုက္ခတွေ့ရပေကြတော့သည်။
ပင်လယ်ဘက်ကလာသော အနောက်တောင်မုတ်သုံလေက အားကောင်းနေပြီး မြန်မာပြည်အနှံ့ မိုး100%ရွာပေလေတော့သည်။ ကမ်းရိုးတန်းဒေသတွေကတော့ လေ ၄၀လောက် တိုက်ခတ်နိုင်သေးလို့ ဒေသခံများ အထူးစိုးရိမ် နေရပေတော့သည်။
မိသားစုအတွက် စားဝတ်နေရေးက လုပ်ရတာကတမျိုး မုန်တိုင်းမိုးကတဖုံ မျိုးစုံ ပူပင်နေရတော့သည်။ ဒုက္ခရောက်ချိန်မယ် ကူညီနိုင်သူကတော့ ရှိကြပေမယ့် လုံလောက်မှုတော့ မရကြပေလေ။ သဘာဝကြီးက ဖန်တည်းနေလေတော့ ဖြစ်လာသမျှတော့ ခံစားရပေဦးမည်လေ။
မုန်တိုင်းကြီး အမြန်အားပျော့မှ အဆင်ပြေမည်မလို့ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းနေလျက်ပါလေ။

image

ဆုတောင်းတာ အများအတွက်မို့ အမြန်ပြည့်စေချင်လှပါတော့သည်။
မိုးကတော့ မိုးဥတုမယ်ရွာတာ မဆန်းပေမယ့် များတဲ့ဒေသမယ် မလိုအပ်ပေတော့သည်မို့ အပျက်အစီးများစွာရှိနေပေတော့သည်။
ဆည်များအင်းအိုင်များ ပြည့်လျှံလို့ ကျိုးပဲ့ကုန်ခြင်းက စိတ်မကောင်းစရာတွေမို့ မုန်တိုင်းရယ် အမြန်အားပျော့ပါစေလို့ မြတ်ဘုရားထံ ဆုတောင်းနေလျက်ပါ။